The network connection is lost.

Banner Image

၉ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် ပလိုင်းမောက်အသင်းနည်းပြရာထူးကနေ အထုတ်ခံခဲ့ရတဲ့ ရွန်းနီ

ပလိုင်းမောက်အသင်းတာဝန်ရှိသူတွေနဲ့ ၉ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် နည်းပြဖြစ်သူ ရွန်းနီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ပလိုင်းမောက်အသင်းဟာ ၂၃ ပွဲကစားပြီးချိန်မှာ ၄ ပွဲသာအနိုင်ရရှိပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဂန္ထဝင်ဟောင်းဟာ နွေရာသီတုန်းက ပလိုင်းမောက်အသင်းကို တာဝန်ယူခဲ့တာဖြစ်ပြီး အခုတော့ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ မှာ ရွန်းနီအနေနဲ့ အခြားရာထူးတစ်ခုကို ရှာဖွေရတော့မှာဖြစ်ပါတယ်။ ပလိုင်းမောက်အသင်းကတော့ လက်ထောက်နည်းပြ ဖီလန် နဲ့ စီနီယာအသင်းနည်းပြ အိုင်ယာလန်တို့လည်း ထွက်ခွာမယ်လို့ အတည်ပြုခဲ့ပါတယ်။အသင်းရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး ရွန်းနီက “ကျွန်တော့်ကို ဒီအသင်းမှာ အခွင့်အရေးပေးခဲ့တဲ့ ပလိုင်းမောက်အသင်းဘုတ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဆိုင်မွန် နဲ့ နေးလ်တို့ပါ။ 

ဒီအသင်းကိုရောက်လာတုန်းက ကြိုဆိုခဲ့ကြတဲ့ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအသင်းက တကယ့်ထူးရှယ်နေရာဖြစ်ခဲ့ပြီး ကျွန်တော်နည်းပြဖြစ်နေချိန်မှာ အားလုံးက ကြိုးစားအားထုတ်ပေးခဲ့ကြပါတယ်။ သူတို့ အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အားပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအမှတ်တရတွေကို အမြဲတမ်းသတိရနေမှာပါ။ အသင်းဝန်ထမ်းတွေဖြစ်တဲ့ ကီဗင် ၊ ဆိုင်မွန် ၊ ဖလာဟာဗန် ၊ မိုက်ခ်ဖီလန်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ပလိုင်းမောက်အသင်းက ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ရွန်းနီဟာ ပလိုင်းမောက်အသင်းကို တာဝန်ယူခဲ့တဲ့ ၇ လအတွင်း အပေါင်းလက္ခဏာအနည်းငယ်သာ ဆောင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဂန္ထဝင်ဟောင်းအနေနဲ့ လာမယ့်နှစ်သစ်မှာ အသင်းသစ်တစ်သင်းကို ရှာဖွေရဖွယ်ရှိနေပါတယ်။ ရွန်းနီအနာဂတ်က ဘယ်လိုရှိမယ်မသိရသေးပေမယ့် ပလိုင်းမောက်အသင်းကတော့ တန်းဆင်းရမယ့်အရေးကို ရှောင်ရှားနိုင်ဖို့ လိုအပ်နေပါတယ်။

အသင်းဘက်ကတော့ ကီဗင်ကို စီနီယာအသင်းနည်းပြအဖြစ် ခန့်အပ်မယ်လို့ အတည်ပြုထားကာ လာမယ့် ဘရစ္စတိုးလ်နဲ့ပွဲမှာ စတင်တာဝန်ယူမှာဖြစ်ပါတယ်။