The network connection is lost.

Banner Image

ခြေထောက်ကျိုးသွားတာကြောင့် ခွဲစိတ်ကုသခဲ့ရပြီး အနားယူရတော့မယ့် မန်စီးတီးရဲ့ အကီ

မန်စီးတီးရဲ့ ခံစစ်မှူး နေသန်အက်ဟာ ခြေထောက်ကျိုးသွားခဲ့တာဖြစ်ပြီး နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူရဖွယ် ရှိနေပါတယ်။ဒဏ်ရာရရှိခဲ့တဲ့ ဒီရာသီမှာ အကီဟာ ပြိုင်ပွဲစုံ ၁၈ ပွဲသာ ကစားခွင့်ရထားပြီး ၁၄ ပွဲမှာသာ ပွဲထွက်ကစားခဲ့ရတာဖြစ်ကာ စုစုပေါင်း ၁,၁၃၃ မိနစ် ကစားခဲ့ပါတယ်။ဒီရာသီမှာ မန်စီးတီးအတွက် ခံစစ်မှူး ၆ ယောက်က သူ့ထက် ပွဲကစားချိန် မိနစ်များများ ကစားခဲ့တာဖြစ်ပြီး ဂျီဗာဒီအော (၃,၂၅၂ မိနစ်)၊ ရီကို လူးဝစ် (၂,၆၇၁)၊ မန်နူရယ် အက်ကန်ဂျီ (၂,၄၉၀)၊ ရူဘင် ဒီယက်စ် (၁,၉၅၄)၊ ဝေါ်လ်ကာ ( မီလန်ကို အငှားမသွားခင် ၁,၁၅၉) နဲ့ ဂျွန် စတုန်း (၁,၁၃၄) တို့ပဲဖြစ်ပါတယ်။

ဒတ်ချ်နိုင်ငံသား အကီဟာ စနေနေ့က မန်စီးတီးရဲ့ ပလိုင်းမောက်အား ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာ ဘယ်ခြေထောက် နာကျင်မှုကြောင့် ပထမပိုင်းပြီးချိန်မှာ လူစားလဲခြင်း ခံခဲ့ရပါတယ်။ အကီဟာ တနင်္လာနေ့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ကစားကိုယ်တိုင်ရော သူ့အသင်းကပါ ပြန်လည်သက်သာလာမယ့် အချိန်ကို မဖော်ပြခဲ့ပါဘူး။

"ဒီရာသီက ကျွန်တော့်အတွက် အရမ်း စိတ်ပျက်စရာတွေ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော့်ခြေထောက်မှာ လပေါင်းများစွာ ဒုက္ခပေးနေတဲ့ ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါပြီ" "ကျွန်တော်က အနာဂတ်ကို အကောင်းမြင်စိတ်နဲ့ ကြည့်နေပါတယ်။ အခု အနားယူပြီး ပြန်သက်သာလာဖို့ လုပ်ပါမယ်။ မကြာခင် ပြန်တွေ့ကြပါမယ် မန်စီးတီးပရိသတ်တို့ရေ အားပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်" လို့ အကီက အင်စတာဂရမ် မှာ ရေးခဲ့ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ပွဲမှာ စတုန်းနဲ့ အကန်ဂျီတို့ကိုလည်း ဒဏ်ရာကြောင့် ထည့်သွင်းနိုင်ခြင်းမရှိခဲ့သလို သူတို့နှစ်ယောက်စလုံးဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်ကစားနိုင်မှာ မဟုတ်ပါဘူး။