The network connection is lost.

Banner Image

အန်ဖီးလ်မှာကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ကို စောင့်မျှော်နေပါပြီလို့ ဖွင့်ဟဝန်ခံလိုက်တဲ့ ဗန်ဒိုက်

ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဗန်ဒိုက်က အန်ဖီးလ်မှာကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ဆီ အာရုံစိုက်နေခဲ့ပါတယ်။ ဆီမီးကတ်စ်အပေါ် ကစားပုံကြမ်းတမ်းမှုမှတဆင့် ဒုတိယမြောက်အဝါကတ်ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ခဲ့တဲ့ ဗာ့ဂျ်ဂွါက တော့တင်ဟမ်ဟော့စပါးကွင်းကြီးအတွင်း ဗုဒ္ဓဟူးညပိုင်းပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒါကြောင့် ကြိုးကြားနီတွေရဲ့ ပြိုင်ပွဲစုံ ၂၄ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားခဲ့ပါတယ်။ ပွဲစဉ်အပြီး၊ အခုရာသီအတွက် ဒုတိယမြောက်ရှုံးပွဲဆီ ဘယ်လိုအရာတွေက ဦးတည်သွားစေသလဲလို့ Sky Sports ရဲ့ မေးမြန်းလာမှုကို ဗန်ဒိုက်က “ တိုက်စစ်မှူးကောင်းတွေပိုင်ဆိုင်ထားပြီး အင်တိုက်အားတိုက်ကစားတက်တဲ့ ပြိုင်ဘက်နဲ့ ကျွန်တော်တို့အသင်း ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ထင်ရှားပါတယ်။ သူတို့တွေက လျှင်မြန်တဲ့ပြေးအားတွေနဲ့အတူ ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကျွန်တော်တို့အသင်းက ကောင်းမွန်တဲ့အခိုက်အတန့်တွေ ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အမြင်အရ အပိုင်အခွင့်အရေးလို့ မပြောချင်ပေမယ့် ဂိုးသွင်းယူဖို့တော့ လုံလောက်မှုရှိပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့တွေ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲခရီလမ်းက တဝက်ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ အန်ဖီးလ်မှာကစားရမယ့်ပွဲစဉ်ကို စောင့်မျှော်နေပါပြီ”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဗန်ဒိုက်က “ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံမှာ ရှိနေလား၊ မရှိနေဘူးလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် အချို့အခိုက်အတန့်တွေမှာ အခုထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုလိုအခြေအနေမျိုးက ဘောလုံလောကရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက ကိုယ့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ကစားနိုင်ဖို့ ကြိုးစားပြီး တခါတလေမှာ ပြိုင်ဘက်ကို အသာအယာကျော်ဖြတ်ကာ တဦးချင်းထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမယ့် အခိုက်အတန့်အချို့ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်အတွက် အန္တရာယ်ရှိစေမယ့် အခိုက်အတန့်အချို့ကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တဖက်မှာလည်း တော့တင်ဟမ်က ပြီးခဲ့တဲ့ ၁၄ ရက်လောက်က ကျွန်တော်တို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်ထက် ပိုမိုကောင်းမွန်တဲ့ခံစစ်ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ရှေ့ဆက်ရပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ကံဆိုးမှုကို သတ္တိရှိရှိ လက်ခံသွားရပါမယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ပြိုင်ပွဲက တဝက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့တွေ နောက်ထပ်မိနစ် ၉၀ ကျော် ယှဉ်ပြိုင်ကစားရပါဦးမယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ အဲ့ဒီပွဲစဉ်ကိုတော့ တကယ့်ကို စောင့်မျှော်မိနေပါပြီ”လို့ ဆိုပါတယ်။