The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲစဉ်မတိုင်မီ ကွင်းလယ်ဒိုင်ရဲ့လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ပြောကြားလာတဲ့ ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင် ဗာဂျယ်ဗန်ဒိုက်ခ်က ယမန်နေ့ညက မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ကွင်းလယ်ဒိုင် ခရစ်ကာဗာနက်ရဲ့လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အန်ဖီးလ်မှာယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပွဲမစတင်မီ အကြွေစေ့နဲ့ ခေါင်း၊ပန်း လှန်ရာမှာ ကွင်းလယ်ဒိုင်ဟာ ဗန်ဒိုက်ခ်ကို မစောင့်ဘဲ သူ့သဘောနဲ့သူ ခေါင်းပန်းလှန်ခဲ့တာကြောင့် နယ်သာလန်သားအနေနဲ့ အတော်လေးစိတ်တိုနေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဗန်ဒိုက်ခ်ကကွင်းလယ်ဒိုင် ကာဗာနက်ရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ သူက ကျွန်တော်မပါဘဲ အကြွေစေ့ကို ခေါင်းပန်းလှန်ခဲ့တာပါ။ ကျွန်တော်က အသင်းရဲ့လာဘ်ကောင်အရုပ်နဲ့ အလုပ်ရှုပ်နေခဲ့လို့ အချိန်ခဏတော့ ကြာသွားခဲ့ပါတယ်။ ဒါပေမယ့်ခေါင်းပန်း လှန်တဲ့နေရာကို မြန်မြန်သွားခဲ့ပေမယ့် သူကတော့ ကျွန်တော့်ကို မစောင့်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်ကို စောင့်သင့်တယ်လို့ထင်လို့ သူ့ရဲ့လုပ်ရပ်အတွက် စိတ်ရှုပ်ခဲ့ရပါတယ်လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ လီဗာပူးဟာ ကိုဒီဂတ်ပို၊ မိုဟာမက်ဆာလက်တို့ရဲ့သွင်းဂိုးတွေကြောင့် မန်စီးတီးကို - နဲ့ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးယားမှာလည်း ဒုတိယနေရာက အာဆင်နယ်ကို ရမှတ် မှတ်အထိဖြတ်တောက်ကာ ထိပ်ဆုံးမှာ ပြတ်ပြတ်သားသားဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးဟာ ဂွါဒီယိုလာလက်ထက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲစဉ် ပွဲဆက်တိုက်အရှုံးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သို့သော်လည်း ရာသီကုန်ဖို့က အတော်လေးလိုသေးတာကြောင့် မန်စီးတီးအနေနဲ့ ကြိမ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ပြန်လာနိုင်ဦးမလား စောင့်ကြည့်သွားရပါဦးမယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာ လီဗာပူးနဲ့ဗန်ဒိုက်ခ်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး စနေန့မှာတော့ မြို့ခံပြိုင်ဘက် အဲဗာတန်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။