The network connection is lost.

Banner Image

ချဲလ်ဆီးနှင့် ချိတ်ဆက်မှုရှိနေတဲ့ ကြယ်ပွင့်ကစားသမားကို ချီးကျူးလိုက်တဲ့ မာရက်စ်ကာ

ဘောက်ဆင်ဒေးကပွဲမှာ ဖူလ်ဟမ်ကို အချိန်ပိုတွင် ရှုံးနိမ့်ခဲ့ပြီးနောက် တနင်္လာနေ့ အင်းဆွစ်နဲ့ပွဲမှာ ချဲလ်ဆီး နိုင်ပွဲပြန်လည်ရရှိဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အဆင့် ၁၉ မှာရှိနေတဲ့အသင်းကို အနိုင်ရရှိမယ်လို့ အားလုံးကမျှော်လင့်ထားပေမယ့် ဇယားထိပ်သို့ပြန်ရောက်တဲ့အချိန်ကတည်းက အိမ်ကွင်းမှာ နိုင်ပွဲ မရရှိသေးတာဖြစ်ပါတယ်။

အင်းဆွစ်ဟာ ရလဒ်ပိုင်းဆိုးရွားနေပေမယ့် အနာဂတ်အတွက် တစ်ပေးပြောဆိုခြင်းခံထားရတဲ့ လူငယ်ကစားသမားတစ်ဦးကတော့ တိုးတက်မှုတွေရှိနေတာဖြစ်ပါတယ်။ အဲ့ဒီကစားသမား တစ်ဦးကတော့ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးကနေ ပေါင်းသန်း ၂၀ ဖြင့်ရောက်လာတဲ့ ဒီလပ်ဖြစ်ပြီး ချန်ပီယံရှစ်မှာ အငှားလာရောက်ကစားစဉ်ကတည်းက ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ၁၆ ပွဲတွင် ၆ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးထားကာ ချဲလ်ဆီးနှင့် ယူနိုက်တက်တို့ဟာ သူ့ကိုစောင့်ကြည့်နေကြပါတယ်။ တနင်္လာနေ့မှာတော့ ချဲလ်ဆီးဟာ သူ့ကိုအနီးကပ်စောင့်ကြည့်ဖို့ အခွင့်အရေးရှိနေပြီး မန်စီးတီးမှာနည်းပြအဖြစ် ရှိစဉ်တုန်းက မာရက်စ်ကာဟာ ဒီလပ်နှင့်အတူ လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။

သူ့ရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အင်္ဂလန် ယူ ၂၁ တိုက်စစ်မှူးနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မာရက်စ်ကာက "သူက တကယ်ကိုကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့ တစ်နှစ်လောက်အတူ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီရာသီတုန်းက သူ ၂၂ ဂိုးလား ၂၄ ဂိုးလား သွင်းပါတယ်။ ဒါဟာ အရမ်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦးလည်းဖြစ်ပါတယ်"

"အင်္ဂလန်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ တိုက်စစ်မှူးတွေရှိတာကြောင့် အရမ်းကိုကံကောင်းတယ်လို့ ကျွန်တော် ကြိမ်ဖန်များစွာ ပြောဖူးပါတယ်"
"သူ့ရဲ့အသက်အရွယ်ကြောင့်  အင်္ဂလန်အတွက် အရေးပါတဲ့ ကစားသမားဖြစ်နိုင်တယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

တိုက်စစ်ပိုင်းမှာ လိုအပ်ချက်ရှိနေတာကြောင့် ချဲလ်ဆီးဟာ ကစားသမားသစ်တစ်ဦးခေါ်ယူလိုနေပြီး The Athletic ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးရဲ့ ဦးစားပေးစာရင်းထဲမှာ ဒီလပ်က ပါရှိနေပါတယ်။ ဇန်နဝါရီမှာ ချဲလ်ဆီး ကစားသမားသစ်ခေါ်ယူမှာ မဟုတ်ပေမယ့် လာမယ့်နွေရာသီအထိတော့ တိုက်စစ်မှူးသစ်ခေါ်ယူမှုကို ရွှေ့ထားနိုင်ပါတယ်။

အကယ်ဒမီထွက် ကစားသမားတွေကိုရောင်းချနေတဲ့ မန်စီးတီးကို ဂိုးသမားဟောင်း ရှေးဂစ်ဗင်က ပြောကြားလိုက်ပါတယ်။ အက်စ်တွန်ဗီလာအားရှုံးနိမ့်ပြီးနောက် ဂစ်ဗင်က "ကျွန်တော်တို့က အသင်းရဲ့အသက်အရွယ်အကြောင်းပြောနေတာပါ။ မော်ဂန်ရော်ဂျာဆိုရင် ဗီလာအတွက်ခြေစွမ်းပြသနေပြိး မန်စီးတီးရဲ့ ကစားသမားဟောင်းဖြစ်ပါတယ်"

"ကိုးပယ်လ်မာ၊ ဆန်ချို၊ ဒီလပ်တို့အားလုံးကလည်း မန်စီးတီး ကစားသမားဟောင်းတွေဖြစ်ပါတယ်" "သူတို့တွေက အသင်းကနေထွက်ခွာသွားကြတဲ့ လူငယ်ကစားသမားတွေဖြစ်ပြီး ဂွါဒီယိုလာအတွက်တော့ တကယ်ကို ကြေကွဲစရာဖြစ်ပါတယ်" လို့ ပြောပါတယ်။