The network connection is lost.

Banner Image

ပီအက်စ်ဗွီနဲ့ပွဲမှာ အာဆင်နယ်စတားတစ်ယောက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တယ်လို့ အာတီတာ ဝန်ခံပြောကြား

အာဆင်နယ်နည်းပြ အာတီတာက ပီအက်စ်ဗွီကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ စကယ်လီတစ်ယောက် အထုတ်ခံရဖို့ သတိပေးခံခဲ့ရပြီးနောက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အာတီတာက စကယ်လီအနေနဲ့ အခုဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်လိမ့်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

စကယ်လီဟာ ဒီရာသီအာဆင်နယ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး လာမယ့်အပတ် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာနိုင်ချေရှိနေတာဖြစ်ပါတယ်။
ဆယ်ကျော်သက်ကစားသမားလေးဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အထုတ်ခံခဲ့ရတာကြောင့် နော်တင်ဟမ်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ပါဝင်လာခဲ့ပြီး ပထမတစ်ဝါထိထားချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် သက်သာရာရခဲ့ကာ အထုတ်မခံခဲ့ရတာဖြစ်ပါတယ်။
အဲ့နောက် အာတီတာက စကယ်လီနေရာမှာ ကာလာဖီအိုရီနဲ့ လူစားလဲခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာကန်မယ့် ယူနိုက်တက်နဲ့ပွဲမှာတော့ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပြီး အာတီတာက သတိပေးစကားဆိုခဲ့ပါတယ်။

“အဝါကတ်ထိပြီးနောက် သူ့အနေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့တာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပါတယ်။ အဲ့နောက် ကျွန်တော် အရဲမစွန့်ပဲ သူ့ကိုလူစားလဲခဲ့ပြီး သူ့အနေနဲ့ အခုဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်မိပါတယ်။ အခုလိုအရေးကြီးတဲ့ပြိုင်ပွဲမျိုးမှာ ရေရှည်ဆက်ကန်နိုင်ဖို့ သူ့အနေနဲ့ အတွေ့အကြုံရခဲ့ပြီလို့ ထင်ပါတယ်။ သူ့အတွက် သင်ခန်းစာတစ်ခုဖြစ်မှာ သေချာနေပါတယ်။ 

သူ့ကို ကျွန်တော်တို့ အားပေးရပါမယ်။ ပြီးတော့ ကူညီပေးရပါမယ်။ သူက အရမ်းဉာဏ်ကောင်းသလို သူ့ကိုယ်သူလည်း တောင်းဆိုမှုအများကြီးလုပ်တတ်တဲ့သူပါ။
သူက ပရောက်ဖက်ရှယ်နယ်တစ်ဦးဖြစ်သလို သူ့ဘေးနာမှာ ကောင်းမွန်တဲ့ပတ်ဝန်းကျင်ရှိပါတယ်။ သူ့အနေနဲ့ အဲ့တာတွေကနေ သင်ယူနိုင်ပါလိမ့်မယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပီအက်စ်ဗွီနဲ့ပွဲမတိုင်ခင် ၂ ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာမှ ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ဖို့အတွက် အာဆင်နယ်က ရေပန်းအစားဆုံးဖြစ်နေပြီး လာမယ့်အပတ်ဒုတိယအကျော့မှာ သက်တောင့်သက်သာကန်ရတော့မှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ အာဆင်နယ်ဟာ ရီးရဲလ် ဒါမှမဟုတ် တီကိုနဲ့တွေ့ဆုံမှာဖြစ်ပြီး အဲ့မတိုင်ခင် အာဆင်နယ်အနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။