
အာဂျင်တီးနားကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဘရာဇီးအသင်းအနေနဲ့ ပြန်လည်ပြင်ဆင်မှုပြုလုပ်ဖို့ ဗင်နီစီးယက်စ်တိုက်တွန်း
Estadio Mas Monumental မှာ အာဂျင်တီးနားကို ၄-၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးတိုက်စစ်မှူး ဗင်နီစီးယပ်စ်ဂျူနီယာက ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်တဲ့အနေနဲ့ အသင်းရဲ့ ကစားပုံကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် ဘရာဇီးဟာ တောင်အမေရိဇုန် ခြေစစ်ပွဲမှာ အာဂျင်တီးနားနဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ပြီး ပွဲစဉ် ၄ ပွဲသာ ကျန်ရှိတော့ပါတယ်။
"ကျွန်တော်တို့ လုပ်နေတာတွေကို အကုန်လုံးကို ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ ဖိအားတွေက ဝင်လာမှာပါ။ ကမ္ဘာ့ဖလားက နောက်တစ်နှစ်ပဲလိုတော့တယ်။ ကျွန်တော် ကမ္ဘာ့ဖလားမှာ ကစားခဲ့ဖူးပြီးပါပြီ။ ထပ်ပြီးမရှုံးချင်တော့ဘူး"လို့ ဗင်နီစီးယပ်စ်က ပြောကြားခဲ့ပါတယ်။ ဗင်နီစီးယပ်စ်က ဘရာဇီးအသင်းအနေနဲ့ သူတို့ရဲ့ ကစားဟန်ကို ရှာဖွေပြီး အာဂျင်တီးနားလိုမျိုး စုစည်းမှုရှိဖို့ လိုအပ်တယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။
ဗင်နီစီးယက်စ်က "အာဂျင်တီးနားက အချိန်အတော်ကြာအောင် အတူတူလက်တွဲလုပ်ဆောင်ခဲ့ကြတယ်။ကျွန်တော်တို့က ကစားပုံကောင်းကို ရှာဖွေနေပါတယ်၊ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ရယူဖို့ကြိုးစားနေပါတယ်၊ ဒါပေမဲ့ ဒါက အချိန်ယူရမယ့် အလုပ်တစ်ခုပါပဲ။ ကျွန်တော်တို့က တိုးတက်အောင် ဆက်လုပ်သွားရပါမယ်"လို့ ပြောခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် နည်းပြချုပ် ဒိုရီဗယ်ဂျူနီယာအပေါ်လည်း ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာပြီး ဘရာဇီးအသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်အောင်ဖို့နဲ့ နိုင်ငံတကာဘောလုံးလောကမှာ သူတို့ရဲ့ နေရာကို ပြန်လည်ရယူဖို့အတွက် ခေါင်းဆောင်ပိုင်းနဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဆွေးနွေးမှုတွေရှိနေပါတယ်။