The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲမှာ အာဆင်နယ် ၁၀၀% ပြန်လာမယ်လို့ တပ်အပ်ပြောကြားလိုက်တဲ့ ဗီအဲရာ

အာဆင်နယ်ဂန္ထဝင်ဟောင်း ပက်ထရစ်ဗီအဲရာက အသင်းဟောင်းအနေနဲ့ လာမယ့်ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာ ၁၀၀% ပြန်လာနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့တုန်းက ဒမ်ဘီလီရဲ့တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဒုတိယအကျော့ပွဲစဉ်က အရေးကြီးတဲ့ပွဲဖြစ်သလို ဗီအဲရာက အာတီတာရဲ့အသင်းဟာ ပြင်သစ်မြေမှာ ၂၀၀၃ - ၀၄ ရာသီတုန်းက ရှုံးပွဲမရှိခဲ့သလို ပြန်လာမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ 

တယ်လီဂရက်နဲ့အင်တာဗျူးမှာ ပြင်သစ်သားဟောင်းက “အရိုးသားဆုံးပြောရရင် ကျွန်တော် သူတို့ပြန်လာနိုင်မယ်ဆိုတာ အခိုင်အမာယုံကြည်ပါတယ်။ ဒီအစုအဖွဲ့နဲ့ နည်းပြကိုယ်တိုင်ကလည်း ဘယ်လိုပြန်လာရမလဲဆိုတာကို ၁၀၀% သိနေပါတယ်။ အဲ့တာက သံသယဖြစ်စရာမရှိပါဘူး။ သူတို့အဝေးကွင်းမှာ ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲကို ကစားပါလိမ့်မယ်။ သူတို့ အရင်တုန်းကလည်း လုပ်ဆောင်ဖူးပါတယ်။ ပြီးတော့ အဲ့လိုစွမ်းဆောင်နိုင်တဲ့အရည်အချင်းပြည့်ဝတဲ့ကစားသမားတွေလည်းရှိပါတယ်။ 

အခွင့်အရေးရှိနေဆဲဖြစ်ပြီး သူတို့ သေချာလေးအသုံးချမှာပါ။ အာဆင်နယ်ချန်ပီယံလိဂ်မှာ ဘယ်နကြိမ်အနိုင်ရခဲ့တာလဲ?။ သေချာတာက ဒီအစုအဖွဲ့က ရှုံးပွဲမရှိတုန်းက အသင်းကိုတောင် သတိရမိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ တစ်စုံတစ်ခုကိုရယူချင်တဲ့စိတ်ဓာတ်ရှိနေပါတယ်။ ကျွန်တော့်အတွက်တော့ အခုပွဲက ရှုံးပွဲမရှိစံချိန်လိုပဲ အရေးကြီးတယ်လို့ ထင်ပါတယ်”လို့ ဗီအဲရာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ပွဲအပြီး မေလ ၁၁ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။