The network connection is lost.

Banner Image

ညာအစွန်ခံစစ်မှူးနေရာအတွက် အာနိုးလ်နဲ့ ကာဗာဂျယ်လ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြဖို့ မျှော်လင့်နေတဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်ရဲ့ညာအစွန်ခံစစ်မှူးနေရာအတွက် အာနိုးလ်နဲ့ ကာဗာဂျယ်လ်တို့ ယှဉ်ပြိုင်နေမှုကို ကောင်းမွန်တဲ့ပြိုင်ဆိုင်မှုတစ်ခုအဖြစ် နည်းပြအလွန်ဆိုက သတ်မှတ်ခဲ့ပါတယ်။ ဆိုစီဒက်နဲ့ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ကာဗာဂျယ်လ်နဲ့ အာနိုးလ်တို့အကြား ပြိုင်ဆိုင်မှုအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အလွန်ဆိုက ညာနောက်ခံလူနေရာအတွက် သူတို့နှစ်ဦးရဲ့ယှဉ်ပြိုင်မှုကို ကောင်းမွန်တဲ့ပြိုင်ဆိုင်မှုတစ်ခုလို့ သတ်မှတ်ခဲ့ပြီး အသင်းလူစာရင်းပိုင်းရွေးချယ်မှုမှာ  ဒီလိုပြိုင်ဆိုင်မှုရဲ့ရလဒ်အပေါ် မူတည်သွားလိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အသင်းရဲ့ခံစစ်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ အလွန်ဆိုက “ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့မှာ အသင်းတွင်းကောင်းမွန်တဲ့ယှဉ်ပြိုင်မှုတွေ ရှိပါတယ်။ အသင့်ရှိနေတဲ့ အသင်းဖော်တွေလည်း ဖြစ်နေလို့ သူတို့နှစ်ဦးအကြားမှာ စိန်ခေါ်မှုတွေ ရှိခဲ့ပြီးပါပြီ။ အခြားနေရာအတွက်လည်း အလားတူပါပဲ။ ဗဟိုခံစစ်မှူးပဲဖြစ်ဖြစ်၊ တောင်ပံနေရာအတွက်ပဲဖြစ်ဖြစ် ယှဉ်ပြိုင်မှုတွေ ရှိပါတယ်။ ပွဲထွက်ခွင့်နဲ့ထိုက်တန်သူပဲ ပွဲကစားရပါလိမ့်မယ်။ ဒါက တစ်နှစ်ပတ်လုံး တည်ရှိသွားမှာပါ”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့အတူ ကာလရှည်ဖြတ်သန်းခဲ့ပြီး အသင်းခေါင်းဆောင်တာဝန်ယူထားတဲ့ ကာဗာဂျယ်လ်က ရာသီအဖွင့်ပွဲစဉ်တွေမှာ အလွန်ဆိုရဲ့ပွဲထွက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ နွေရာသီမှာခေါ်ယူထားတဲ့ အာနိုးလ်ကလည်း တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကောင်းနဲ့အတူ Comeback နိုင်ပွဲတွေမှာ အရည်အသွေးကို ဆက်တိုက်ဆိုသလို ပြသခဲ့ပါတယ်။ အလွန်ဆိုရဲ့အခုလိုလူသိရှင်ကြားတောင်းဆိုမှုက ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိတဲ့အသင်းတစ်ခုကို တည်ဆောက်လိုတဲ့ သူ့ရဲ့ဆန္ဒကို ထင်ဟပ်နေစေပါတယ်။ 

ရီးရဲလ်မက်ဒရစ်က နောက်ထပ်နိုင်ငံတကာသီတင်းပတ်မတိုင်ခင် စက်တင်ဘာလအတွင်း ပြိုင်ပွဲစုံခုနစ်ပွဲအထိ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားရပါမယ်။ အလွန်ဆိုကိုယ်တိုင်လည်း အလှည့်ကျလူထုတ်ပုံနဲ့အတူ အာနိုးလ်နဲ့ ကာဗာဂျယ်လ်တို့ကို အခွင့်အလမ်းတွေ မျှဝေပေးသွားဖို့ အာရုံစိုက်နေပါလိမ့်မယ်။