
ကိုမိုစတားကို ပေါင်သန်း ၅၀ အထိ တိုးမြှင့်ကမ်းလှမ်းထားတဲ့ တော့တင်ဟမ်
တော့တင်ဟမ်အသင်းဟာ အီဇီးကို အာဆင်နယ်အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် ကိုမိုစတား နီကိုပက်ဇ်ကို ပေါင်သန်း ၅၀ အထိ တိုးမြှင့်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အာဆင်နယ်က အီဇီးကို ကြားဖြတ်ခေါ်ယူခဲ့တာကြောင့် တော့တင်ဟမ်အနေနဲ့ အခြားပစ်မှတ်ကိုခေါ်ယူဖို့ ချိတ်ဆက်လာခဲ့ရတာဖြစ်ပြီး နီကိုအား ကနဦးပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ နောက်ထပ်တစ်ကြိမ် ပေါင် ၄၃ သန်းအထိ တိုးမြှင့်ကမ်းလှမ်းလာခဲ့တာဖြစ်ပါတယ်။ မက်ဒီဆင်တစ်ယောက် ကာလရှည်နားရတော့မှာဖြစ်တာကြောင့် တော့တင်ဟမ်အနေနဲ့ ကွင်းလယ်နေရာအတွက် အစားထိုးရမှာဖြစ်ပါတယ်။
သတင်းတွေအရ ကိုမိုအသင်းဟာ သူတို့စတားအတွက် ပေါင်သန်း ၆၀ အထိအလိုရှိနေတယ်လို့ သိရပါတယ်။ အာဂျင်တိုင်းသား နဲ့ ကိုမိုတို့ကြား ၂၀၂၈ အထိ စာချုပ်သက်တမ်းကျန်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ကိုမိုအတွက် စီးရီးအေ ၃၅ ပွဲမှာ ၆ ဂိုးသွင်း ၊ ၉ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
တော့တင်ဟမ်ဘက်က အရှိန်မြှင့်လုပ်ဆောင်နေပေမယ့် ကစားသမားက ရီးရဲလ်ထံ ပြန်နိုင်ဖို့ စီးရီးအေမှာ နောက်တစ်ရာသီဆက်နေချင်နေပါတယ်။