ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဖိုးတန်အဝေးကွင်းဂိုးပြတ်နိုင်ပွဲရယူခဲ့တဲ့ တော့တင်ဟမ်
အက်စတွန်ဗီလာ ဝ-၄ တော့တင်ဟမ် (ပွဲပြီးရလဒ်)
မက်ဒီဆင် ၅၀ မိနစ်
ဂျွန်ဆန် ၅၃ မိနစ်
ဆွန်ဟောင်မင် ၉၀+၁ မိနစ်
တီမိုဝါနာ ၉၀+၅ မိနစ်
ပထမပိုင်းပွဲချိန်အတွင်း အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ပြီး အဖွင့်ဂိုးမရှာဖွေနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဧည့်သည်တွေရဲ့သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်မှာ ရမှတ်လိုအပ်ချက်ရှိနေတဲ့တော့တင်ဟမ်က ဖိအားပေးတိုက်စစ်ကစားဟန်ကို ပွဲချိန်ပြည့်သုံးစွဲခဲ့ပြီး ဒုတိယပိုင်းစတင်ချိန်မှာပဲ မက်ဒီဆင်၊ ဂျွန်ဆန်တို့ရဲ့သွင်းဂိုးတွေဖြင့် ပွဲကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အူဒိုဂီအပေါ် ကြမ်းတမ်းစွာကစားတဲ့ အက်စတွန်ဗီလာအသင်းခေါင်းဆောင်မက်ဂင်း တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရလို့ ပွဲချိန်ခွင်လျှာပြောင်းလဲသွားခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းနာကျင်အချိန်ပိုမိနစ်တွေမှာ ဆွန်ဟောင်မင်၊ တီမိုဝါနာတို့က ဧည့်သည်တွေအတွက် နောက်ထပ်သွင်းဂိုးတွေရှာဖွေပေးနိုင်ခဲ့လို့ ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ရာသီကုန် TOP 4 နေရာအတွက် တော့တင်ဟမ်က အမှတ်ပေးဇယားအဆင့်-၄ နေရာရှိ အက်စတွန်ဗီလာကို နှစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။