The network connection is lost.

Banner Image

ရီးရဲလ်လူငယ်ကစားသမားနှစ်ဦးနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်တဲ့ တိုနီခရူးစ်

ရီးရဲလ်အသင်းဂန္ထဝင်ဟောင်း တိုနီခရူးစ်က ရီးရဲလ်လူငယ်စတားနှစ်ဦးဖြစ်တဲ့ ဘယ်လင်ဟမ်၊ ဂူလာတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်ပါတယ်။

ဂျာမန်သားဟာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ ရီးရဲလ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အဲ့နောက် ဂျာမနီအသင်းနဲ့အတူ ယူရို ၂၀၂၄ မှာ ပါဝင်ခဲ့ပေမယ့် ဂျာမနီအသင်းဟာ ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

ရီးရဲလ်အသင်းနဲ့ နောက်ဆုံးရာသီမှာ တိုနီဟာ ကြီးမားတဲ့အောင်မြင်မှုရယူနိုင်ခဲ့ပြီး အနာဂတ်ကစားသမား ၂ ဦးဖြစ်တဲ့ ဘယ်လင်ဟမ်နဲ့ ဂူလာတို့အပေါ် ဟောကိန်းထုတ်ခဲ့ပါတယ်။ ဂျာမန်သတင်းဌာနနဲ့အင်တာဗျူးမှာ တိုနီက ဂူလာရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။

“သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် ကြီးမားတဲ့အနာဂတ်ရှိတဲ့ကစားသမားပါ။ ဂူလာက အခုချိန်မှာ အခြားလူငယ်ကစားသမားတွေလို သင်ယူနေရတဲ့ကစားသမားပါ။ ဒီကိုရောက်ကတည်းက သူလုပ်ပြနေတဲ့အရာတွေကြောင့် အများကြီးအာရုံစိုက်ခံနေရပါတယ်။ ဒီနေ့ခေတ်မှာ သူ့လိုကစားသမားအများကြီး မရှိပါဘူး။ သူက တကယ့်ကိုလေ့လာပြီး တိုးတက်အောင် သင်ယူချင်တဲ့သူပါ။ သူ့ရဲ့အဆုံးသတ်စွမ်းရည် နဲ့ ဘယ်ခြေက တကယ့်အံ့မခန်းပါ။ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာကတည်းက ကျွန်တော်တို့အားလုံး သတိထားမိခဲ့ပါတယ်”လို့ တိုနီက ပြောကြားခဲ့ပါတယ်။

ဂူလာဟာ ဒဏ်ရာကြောင့် ရီးရဲလ်အသင်းနဲ့ပထမရာသီကို မိနစ်အများကြီး မဖြတ်သန်းခဲ့ရပေမယ့် လာမယ့်ရာသီသစ်မှာတော့ သူ့ရဲ့ခြေစွမ်းကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဂူလာကို အသင်းတော်တော်များများက စိတ်ဝင်စားနေပေမယ့် ရီးရဲလ်ကနေ ထွက်ခွာဖွယ်မရှိတာဖြစ်ပါတယ်။

တူရကီအသင်းနဲ့အတူ ယူရိုဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် ဂူလာဟာ အခုရာသီကြိုခရီးစဉ်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။