ဘန်လေနဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ နယူးကာဆယ်အတွက် ပါဝင်ကစားမယ့် တိုနယ်လီ
ဖီဖာရဲ့ ၁၀ လ ပွဲပယ်ခံထားရတဲ့ တိုနယ်လီတစ်ယောက် ပြီးဆုံးဖို့နီးစပ်လာချိန်မှာပဲ ဘန်လေနဲ့တံခါးပိတ်ခြေစမ်းပွဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။
အီတလီသားရဲ့ပွဲပယ်ပြစ်ဒဏ်ထဲမှာ ခြေစမ်းပွဲတွေကို ကန့်သတ်မထားပဲ ယခင်တုန်းက တိုနေးလည်း ဘရန့်ဖို့ဒ်လူငယ်အသင်းမှာ ပါဝင်ကစားခဲ့သေးတာဖြစ်ပါတယ်။ တိုနယ်လီဟာ အခုအပတ်မှာကန်မယ့် ဟူးလ်စီးတီးနဲ့ပွဲအပြင် လာမယ့်အပတ် ဂျပန်မှာကန်မယ့်ပွဲတွေကိုတော့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
အသက် ၂၄ နှစ်သားဟာ လာမယ့်စက်တင်ဘာ ၁ ရက်နေ့မှာ ကန်မယ့် ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။ နယူးကာဆယ်နည်းပြ ဟိုဝီကလည်း တိုနယ်လီဟာ ကစားသမားသစ်ခေါ်ယူတာနဲ့တူညီတယ်လို့ ယုံကြည်နေပါတယ်။
“သူ(တိုနယ်လီ)က ကစားသမားအသစ်လိုပါပဲ။ သူကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာပြီး အာရုံစိုက်နေပါတယ်။ ခင်ဗျားအနေနဲ့ သူ့ရဲ့ကိုယ်နှုတ်အမူအရာပြောင်းလဲလာတာကို မြင်နိုင်ပါတယ်။ ဒါပေမယ့် သေချာတာက သူပြန်ကစားနိုင်ဖို့ ပြောင်းလဲနေတာပါ။ သူ့အတွက်အခုလိုကာလရှည်ကစားခွင့်မရတာက ခက်ခဲပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။
တိုနယ်လီဟာ လောင်းကစားပိုင်းဆိုင်ရာ စည်းမျည်းချိုးဖောက်မှုကြောင့် ၁၀ ပွဲပယ်ခံထားရတာဖြစ်ပြီး ဒေါ့မွန်ကို အရေးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ နောက်ဆုံး ပါဝင်ကစားပေးခဲ့ပါတယ်။ ဘန်လေကတော့ အခုလအစောပိုင်းတုန်းက နယူးကာဆယ်အသင်းနဲ့ တံခါးပိတ်ခြေစမ်းပွဲကန်မယ်လို့ ကြေညာထားခဲ့ပါတယ်။