
အေစီမီလန်သို့ ပြန်လာနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့တဲ့ တိုနာလီ
နယူးကာဆယ် ကွင်းလယ်ကစားသမား တိုနာလီသည် အင်္ဂါနေ့ညက ကစားခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင် ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ သတင်းထောက်များရဲ့ မေးမြန်းချက်များကို ဖြေကြားခဲ့ပါတယ်။
ဇူလိုင်လတွင် ငယ်ဘဝကလပ် အေစီမီလန်မှ ပေါင် ၅၅ သန်းဖြင့် နယူးကာဆယ်လ်သို့ ရောက်ရှိလာသော အသက် ၂၃ နှစ်အရွယ် အီတလီသားသည် ဆန်စီရိုသို့ လာရောက်ခဲ့တဲ့အချိန်မှာ ပရိသတ်တွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကို ရရှိခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ပရိတ်သတ်များဟာ ၇၂ မိနစ်မှာ အန်ဒါဆန်နှင့် တိုနာလီတို့ လူစားလဲသောအချိန်တွင် တခဲနက် ဂုဏ်ပြုပြီး အားပေးခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်သို့ ထွက်ခွာသွားပြီး ၂ လအကြာခဲ့တာတောင် မီလန်ပရိသတ်တွေရဲ့ အားပေးမှုများကြောင့် တိုနာလီဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြည်နူးမိကြောင်း ပြောကြားခဲ့ပါတယ်။
တိုနာလီက ၎င်း၏ဆိုရှယ်မီဒီယာပေါ်မှာ "ကျွန်တော်ရဲ့အိမ်ကို ပြန်ရောက်လာတဲ့အချိန်သူတို့ နုတ်ဆက်ကြတာက မယုံနိုင်လောက်စရာ ခံစားချက်တစ်ခုပါ။ ခင်ဗျားတို့ရဲ့ ချစ်ခြင်းမေတ္တာတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကတော့ ခင်ဗျားတို့နဲ့ရင်ဆိုင်ရတာ ခက်ခဲခဲ့ပေမယ့် အရေးကြီးတဲ့ တစ်မှတ်ကို ရခဲ့ပါတယ်။ နောက်ပွဲတွေကို အာရုံစိုက်လိုက်ပါ!!"လို့ရေးသားခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်အသင်းအတွက် ၄ ပွဲ ကစားထားပေးတဲ့တိုနာလီကို ဂျာနယ်လစ်များက အနာဂတ်တွင် အေစီမီလန်သို့ ပြန်သွားဖို့ အစီအစဉ်ရှိ မရှိ နှင့် ပတ်သက်၍ မေးမြန်းခဲ့ပါတယ် ။
ထိုပွဲစဉ်အပြီးတွင် တိုနာလီက "တစ်နေ့ အေစီမီလန်ကို ပြန်လာဖြစ်မှာလား မသိဘူး။ ကျွန်တော့်ရဲ့အနာဂတ်ကို သိဖို့ ကျွန်တော် ပေးဆပ်ချင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်ချင်မှဖြစ်မှာပါ။ ဘောလုံးက ထူးဆန်းတယ်။ ကျွန်တော် အေစီမီလန်ကို မမုန်းပါဘူး။ မီလန်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေ၊ ဝါသနာတွေကို ဖုံးကွယ်ထားလို့မရပါဘူး" ဟု ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီကလည်း အေစီမီလန်နှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တိုနာလီ၏ စွမ်းဆောင်ရည်အပေါ် "သူက ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဒါဟာ သူ့အတွက် စိတ်လှုပ်ရှားစရာ အချိန်အခါတစ်ခုဆိုတာ သိသာပါတယ်။ ဒီကိုပြန်လာပြီး ပွဲမစခင်မှာ သူဘယ်လိုခံစားရမယ်ဆိုတာကိုမြင်ပါတယ်။ သူ့ကို လျှော့တွက်မထားပါဘူး။ ဒီနေ့ကတော့ သူ့အတွက် ထူးခြားနေမှာ သေချာပါတယ်။ ဒီဂိမ်းမှာ သူဘယ်လိုခံစားရမယ်ဆိုတာ ဘယ်သူမှ ရှင်းမပြနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်" သူဟာ ပထမပိုင်းမှာ ကောင်းမွန်တဲ့ ခံစစ်ကစားပုံကို ပြသခဲ့ပါတယ်။ သူအရမ်းကျေနပ်ပြီး ဂုဏ်ယူနိုင်ပါတယ်။ နယူးကာဆယ်အသင်း အတွက်လည်း သူ ကောင်းကောင်း ကိုယ်စားပြုတယ်လို့ ကျွန်တော်မြင်ခဲ့ပြီး သူ့ဆီကနေ နောက်ထပ် မျှော်လင့်စရာတွေ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်"ဟု ချီးကျူးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက အက်စတွန်ဗီလာနှင့်ပွဲတွင် ၎င်း၏ ပရီးမီးယားလိဂ်ပွဲဦးထွက်တွင် သွင်းဂိုးတစ်ဂိုး သွင်းပြီးနောက် တိုနာလီဟာ ၎င်း၏အသင်းသစ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာပါတယ်။