The network connection is lost.

Banner Image

မတ်လထဲမှာ အင်္ဂလန်အသင်းကို ပထမဆုံးကိုင်တွယ်မယ့် တူချယ်

အင်္ဂလန်အသင်းနည်းပြ တူချယ်တစ်ယောက် မတ်လထဲမှာ ပထမဆုံးပွဲကို စတင်ကိုင်တွယ်မယ်လို့ သိရပါတယ်။အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ဆားဘီးယား ၊ အယ်လ်ဘေးနီးယား ၊ လက်ဗီးယား ၊ အန်ဒိုရာအသင်းတွေနဲ့ ကျရောက်နေပါတယ်။ တူချယ်အနေနဲ့ ဒီနေ့မှာ တရားဝင်ကိုင်တွယ်မယ့်ပွဲထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီမတိုင်ခင်အထိတော့ အင်္ဂလန်အသင်းကို ကိုင်တွယ်ခွင့်ရမှာမဟုတ်သေးတာဖြစ်ပါတယ်။

အခုချိန်မှာတော့ တူချယ်ကိုင်တွယ်မယ့် တရားဝင်ပွဲထွက်ပေါ်လာခဲ့ပြီဖြစ်ကာ လာမယ့်မတ်လ ၂၁ ရက်နေ့မှာ အင်္ဂလန်ဟာ ဝင်ဘာလေမှာ အယ်လ်ဘေးနီးယားနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဲ့နောက် ၃ ရက်အကြာမှာ လက်ဗီးယား ၊ တတိယမြောက်ပွဲအဖြစ် အန်ဒိုရာနဲ့ပွဲကို ဇွန်လ ၇ ရက်နေ့မှာ ကန်မှာဖြစ်ပါတယ်။ ကြားထဲမှာတော့ ခြေစမ်းပွဲတွေရှိပေမယ့် ပြိုင်ဘက်တွေကိုတော့ အတည်မပြုရသေးတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းတာဝန်ရှိသူတွေဟာ အန်ဒိုရာနဲ့ပွဲကို အိမ်ကွင်းမှာ ကျင်းပဖို့တော့ ခေါင်းစားနေပါတယ်။ ဝင်ဘာလေကွင်းဟာ  အဆိုပါပွဲကန်မယ့်ရက်မှာ Coldplay ရှိုးပွဲရှိနေတာကြောင့် နောက်ဆုတ်ရဖွယ်ရှိနေပါတယ်။ 

စက်တင်ဘာ ၉ ရက်နေ့မှာ အင်္ဂလန်ဟာ ဆားဘီးယားနဲ့ကန်ရမှာဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ လက်ဗီးယားနဲ့ပွဲမတိုင်ခင် ခြေစမ်းပွဲကန်ဦးမှာဖြစ်ပါတယ်။
တူချယ်ကတော့ အင်္ဂလန်အသင်းလူရွေးချယ်မှုအပိုင်းမှာ ပြန်လည်သုံးသပ်ဖို့ ပြင်ဆင်နေပြီး အာဆင်နယ်စတား ဘင်ဝှိုက်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
“အဲ့တာက သန့်ရှင်းတဲ့စတင်မှုဖြစ်သင့်ပါတယ်။ ဇန်နဝါရီမှာ စတင်မှာဖြစ်ပြီး ကျွန်တော်ကွင်းထဲမှာ ဇန်နဝါရီကတည်းက ရှိနေမှာပါ။ ကစားသမားတွေအနေနဲ့ အဲ့တာကို သိသင့်ပါတယ်။ အဲ့နောက် ကျွန်တော် သူတို့နဲ့စကားပြောပါမယ်။

ဒါပေမယ့် သူတို့မှာရှိတဲ့ပွဲစဉ်အနေအထားကိုလည်း လေးစားရပါမယ်။ ဘာလို့လဲဆိုတော့ ဇန်နဝါရီမှာ အလုပ်များနိုင်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်ပါ။ ကျွန်တော် ဘင်ဝှိုက်နဲ့လည်း စကားပြောမှာပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။