
ဆာကာနဲ့ အိုဒီဂတ်တို့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်လာနိုင်ခြေရှိတယ်လို့ အာတီတာပြော
အာဆင်နယ်အသင်းရဲ့ အရေးကြီးပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ကစားမယ့်ပွဲစဉ်မှာ ဘူကာယိုဆာကာနဲ့ မာတင်အိုဒီဂတ်တို့ ပြန်လည်ပါဝင်လာနိုင်ခြေရှိတယ်လို့ အာဆင်နယ်နည်းပြ မီကယ်အာတီတာက ပြောကြားခဲ့ပါတယ်။ ဆာကာဟာ လိဒ်စ်အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ (၂) ပွဲကိုလွဲချော်ခဲ့ရပြီး အိုဒီဂတ်ကတော့ ပခုံးဒဏ်ရာကြောင့် လိဂ်ပွဲစဉ် ၃ ပွဲဆက် ပထမပိုင်းမှာပဲလူစားလဲခံခဲ့ရပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဘီလ်ဘာအို နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး အာတီတာက သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ "သူတို့ကစားနိုင်ခြေရှိတယ်ဆိုရင် မနက်ဖြန် လေ့ကျင့်ရေးအပြီးမှသိရမှာပါ၊ ဘာလို့လဲဆိုတော့ အခုထိ ဘာမှမလုပ်ရသေးတာကြောင့်ဖြစ်ပါတယ်၊ ဒါကြောင့် မနက်ဖြန်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေပိုပြီးရရှိမှာပါ" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြက တခြားအဓိကကစားသမားတွေနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။ ဝီလီယံဆာလီဘာဟာ ဘီလ်ဘာအိုပွဲစဉ်မှာ လူစားလဲစာရင်းမှာပါဝင်ခဲ့ပေမဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ "ကြိုးစားနေပါတယ်" ဗစ်တာယောကရက်စ်နဲ့ မီကယ်မီရီနိုတို့က ဦးခေါင်းဒဏ်ရာရရှိခဲ့ပေမဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ ဘင်ဝှိုက်ကတော့ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲတစ်ပွဲသာပါဝင်ကစားခဲ့ရပြီး လာမယ့်ပွဲမှာ ယှဉ်ပြိုင်ကစားနိုင်ဖွယ်ရှိပါတယ်။ ဆာလီဘာမပါဝင်နိုင်တဲ့အချိန်မှာ နွေရာသီမှာခေါ်ယူထားတဲ့ ကရစ်သီယန်မော့စ်ကွီရာက ခြေစွမ်းပြသခဲ့ပြီး အာဆင်နယ်ကလည်း ဒီရာသီ ၅ ပွဲကစားထားရာမှာ ၄ပွဲအထိ clean sheets ရရှိခဲ့ပါတယ်။