The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အင်္ဂလန်မှာ ဆက်ရှိနိုင်တယ်လို့ အရိပ်အမြွက်ဖွင့်ဟလာတဲ့ တူချယ်

အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က ၂၀၂၆ ကမ္ဘာ့ဖလားအပြီး အင်္ဂလန်အသင်းကို ဆက်လက်တာဝန်ယူသွားနိုင်ကြောင်း ဝန်ခံလိုက်ပါတယ်။  ဒါပေမဲ့ အနာဂတ်ကို အခုအချိန်မှာ အရေးတကြီး စဉ်းစားမနေသေးဘူးလို့လည်း အခိုင်အမာ ပြောခဲ့ပါတယ်။

ဂျာမန်သားဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ ၁၈ လ စာချုပ်နဲ့ အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။  တူချယ်ကို ဘောလုံးအဖွဲ့ချုပ်က လာမယ့်နွေရာသီ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကို ဂုဏ်ယူစရာ ဆောင်ကြဉ်းပေးဖို့ရည်ရွယ်ချက်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ 
တူချယ်ရဲ့ လက်ရှိစာချုပ်မှာ ယူရို ၂၀၂၈ အထိ စာချုပ်သက်တမ်းတိုးမြှင့်ခွင့် မပါဝင်ပါဘူး။

တူချယ်က"ကျွန်တော် ဒီအလုပ်မှာ ပျော်ပါတယ်ဗျာ။ ကျွန်တော် ပြန်လည် နိုးကြားလာသလို ခံစားရပြီး ကစားသမားတွေနဲ့ အလုပ်လုပ်ရတာရော၊ ပရီးမီးယားလိဂ်နဲ့ နီးနီးကပ်ကပ် ရှိနေရတာကိုရော နှစ်သက်ပါတယ်။ ကျွန်တော် ပျော်နေတယ်ဆိုတာ အဖွဲ့ချုပ်က သိပါတယ်။ ကျွန်တော့်ကို ကောင်းမွန်လန်းဆန်းစေတဲ့ နေရာမှာ သူတို့က ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်"လို့ ပြောခဲ့ပါတယ်။

စာချုပ်သစ်ကိစ္စကို ထပ်မံ ဖိအားပေး မေးမြန်းတဲ့အခါ တူချယ်က "ဖြစ်နိုင်ခြေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကမ္ဘာ့ဖလားမတိုင်ခင် အဲဒါကို ဆုံးဖြတ်ဖို့က အရေးမကြီးပါဘူး။ ဟုတ်တာပေါ့၊ ကျွန်တော် လုံးဝ ပယ်ချမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက တောင်းဆိုချက်တစ်ခုတော့ မဟုတ်ပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။

ရေတိုစာချုပ်ပဲချုပ်ဆိုခဲ့တဲ့အပေါ် တူချယ်က"ကျွန်တော်က ရေတိုပဲ လုပ်ဖို့ တွန်းအားပေးခဲ့တဲ့သူပါ။ ဒီအလုပ်အပေါ်၊ သူ့ရဲ့ တောင်းဆိုချက်တွေအပေါ်၊ ပြီးတော့ ဒီအလုပ်မှာ ကျွန်တော် ဘယ်လို ခံစားရမလဲဆိုတာကို အပြည့်အဝ သဘောပေါက်မနေခဲ့ဘူးလေ။ ဘာမှ မပြောင်းလဲသေးပါဘူး။ အာရုံစိုက်မှုက ကမ္ဘာ့ဖလားပေါ်မှာပဲ ရှိနေပါတယ်"လို့ ဆိုပါတယ်။