The network connection is lost.

Banner Image

ယူနိုက်တက်အပြောင်းအရွှေ့အကြောင်း ငြင်းဆန်လိုက်တဲ့ ဘိုင်ယန်စတား

မကြာခင်မှာ ဘိုင်ယန်ကနေထွက်ခွာတော့မယ့် သောမက်စ်မူလာက ယူနိုက်တက်နဲ့အပြောင်းအရွှေ့အကြောင်း ငြင်းဆန်လိုက်ပါတယ်။ မူလာဟာ ကလပ်ကမ္ဘာ့ဖလားအပြီးမှာ ဘိုင်ယန်ကနေထွက်ခွာမှာဖြစ်ပြီး နောက်ထပ်အပြောင်းအရွှေ့က မသေချာသေးပဲ ယူနိုက်တက်ထံပြောင်းရွှေ့မှာကို ငြင်းဆန်ခဲ့ပါတယ်။ အသက် ၃၅ နှစ်သားဟာ အတိတ်ကာလတုန်းက ယူနိုက်တက်ကိုပြောင်းဖို့ စိတ်ဝင်စားခဲ့ပေမယ့် အခုချိန်မှာတော့ စိတ်မဝင်စားတော့တာဖြစ်ပါတယ်။

“မှန်ပါတယ်။ ကျွန်တော်အဲ့အကြောင်းတွေးဖြစ်ပါတယ်။ အချို့အခိုက်အတန့်တွေမှာ ကျွန်တော် တွေးဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့အတွက် ကျွန်တော်ကမှန်ကန်တဲ့ကစားသမားမဟုတ်တော့ပါဘူး။ သူတို့က ကျွန်တော့်အတွက်လည်းမှန်ကန်တဲ့အသင်းမဟုတ်တော့ပါဘူး။ ၂ ဦး ၂ ဖက်အဆင်မပြေတာကြောင့် အခုအပြောင်းအရွှေ့ကမဖြစ်နိုင်တော့ပါဘူး”လို့ မူလာက ဖြေကြားခဲ့ပါတယ်။

မူလာဟာ ဘိုင်ယန်အသင်းမှာ ၂၅ နှစ်ကြာဖြတ်သန်းခဲ့ပြီး အသင်းရဲ့သက်တော်ရှည်ကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ ဂျာမန်သားဟာ ဘိုင်ယန်ကနေထွက်ခွာပြီးနောက် မေဂျာလိဂ်မြေကိုပြောင်းဖွယ်ရှိနေပါတယ်။ မူလာရဲ့ဘိုင်ယန်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး မူလာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။