The network connection is lost.

Banner Image

အာဆင်နယ် ၊ လီဗာပူးတို့က ချိတ်ဆက်နေတဲ့ ဘရန့်ဖို့ဒ်စတားနဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ ဖရန့်ခ်

အာဆင်နယ် နဲ့ လီဗာပူးတို့က ချိတ်ဆက်နေတဲ့ ဘရန့်ဖို့ဒ်စတား အမ်ဘွီမူနဲ့ပတ်သက်ပြီး နည်းပြ ဖရန့်ခ်က သတိပေးလိုက်ပါတယ်။ ဒီရာသီဘရန့်ဖို့ဒ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ၁၀ ဂိုးသွင်းယူထားနိုင်တဲ့ အမ်ဘွီမူကို အာဆင်နယ် ၊ လီဗာပူး ၊ နယူးကာဆယ်အပါအဝင် အသင်းတော်တော်များများက စောင့်ကြည့်နေပါတယ်။

ဒါပေမယ့်လည်း စာချုပ်သက်တမ်းက ၂၀၂၆ အထိ ကျန်ရှိနေပြီး ဖရန့်ခ်ကလည်း အခုလိုမျိုး သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ကတည်းက ဘရန့်ဖို့ဒ်အသင်းမှာကစားနေတဲ့ အမ်ဘွီမူဟာ အသင်းအတွက် ၂၂၁ ပွဲအထိ ပါဝင်ကစားပေးထားကာ ၆၀ ဂိုးသွင်း ၊ ၄၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဖရန့်ခ်က အမ်ဘွီမူအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“လာမယ့်ဇန်နဝါရီမှာလား?။ ကျွန်တော် ကံကောင်းပါစေလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဘရိုင်ယန်ကိုချစ်ပါတယ်။ သူက ဒီမှာကစားရတာကို ချစ်မြတ်နိုးပါတယ်။ သူ့မှာ အံ့သြစရာကောင်းတဲ့ရာသီတစ်ခုရှိနေပါတယ်။ ဒါကြောင့် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး”လို့ ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဟာ လာမယ့်နှစ်သစ်မှာ အာဆင်နယ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်က အဆင့် ၃ နေရာမှာ ရပ်တည်နေကာ ဘရန့်ဖို့ဒ်က အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။