အတူတွဲကစားချင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကစားသမား ၂ ဦးရဲ့နာမည်ကို ပြောကြားလိုက်တဲ့ အွန်နရီ
ပြင်သစ်နိုင်ငံသာဟာ အင်္ဂလန်မှာ အာဆင်နယ်၊ စပိန်မှာ ဘာစီလိုနာနှင့်အတူ ဆုဖလားများ ရရှိခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ၁၉၉၈ ခုနှစ်တွင် ကမ္ဘာ့ဖလားပါ ရရှိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ ကစားသမားဘဝမှာ မပျော်ရွင်ခဲ့ရမှာမှုရှိခဲ့ပြီး တိုက်စစ်မှူး ၂ ဦးနဲ့အတူ တွဲကစားချင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲ့ဒီ ၂ ဦးထဲမှာ ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာပါဝင်နေပြီး အွန်နရီဟာ အိုင်ဗရီကို့စ်နိုင်ငံသားနှင့် တွဲကစားလိုခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ရွေးချယ်ထားသူတစ်ဦးဖြစ်တဲ့ အနယ်လ်ကာနှင့်လည်း အဲ့ဒီအချိန်တုန်းက ပြင်သစ်မှာ တွဲကစားခဲ့ရပေမယ့် အဆိုပါတိုက်စစ်မှူးနဲ့ အင်္ဂလန်ထိပ်တန်းလိဂ်မှာပါ ကစားချင်ခဲ့တာဖြစ်ပါတယ်။
Sky Sports သို့ ဒရော့ဘာနှင့်ပတ်သက်ပြီး အွန်နရီက "သူ့ရဲ့ကစားဟန်တွေကြောင့်ပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အတူတွဲကစားချင်ခဲ့တဲ့ ကစားသမား ၂ ဦးသာရှိခဲ့ပြီး သူနဲ့ အနယ်လ်ကာပဲ ဖြစ်ပါတယ်"
"တိုက်စစ်မှာ သူရယ် အနယ်လ်ကာတို့နှင့်အတူ တွဲကစားချင်ပါတယ်။ ကျွန်တော်တို့အားလုံး တိုက်စစ်မှာရှိမယ်ဆိုရင် ကြီးမားတဲ့ ပြဿနာဖြစ်သွားမှာပါ" "တစ်ရက်မှာ ဒရော့ဘာနှင့်တွေ့ခဲ့ပြီး အဲ့ဒီအကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။ လေဆိပ်မှာထိုင်နေပြီး ငါတို့တွေအတူတွဲကစားမယ်ဆိုရင် ယုံကြည်နိုင်မလားလို့ ကျွန်တော်က ပြောခဲ့ပါတယ်"
"အဲ့ဒီနေရာမှာ သူက အရမ်းကြီးကစားချင်မှာမဟုတ်ပေမယ့် ကျွန်တော်ကတော့ နေရာစုံကို ရွှေ့ကစားရမှာပါ။ ဒါဟာ ကြီးမားတဲ့ ပြဿနာဖြစ်လာမှာပါ" "အနယ်လ်ကာကလည်း ဒုက္ခပေးနိုင်တယ်ဆိုတာ မေ့လိုက်လို့တော့ မရပါဘူး။ သူနဲ့အတူ တွဲကစားလိုပါတယ်" လို့ ပြောပါတယ်။
အွန်နရီ အာဆင်နယ်သို့ရောက်ခဲ့တဲ့နွေရာသီမှာပဲ အနယ်လ်ကာက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းသွားခဲ့တာပါ။ သို့သော်လည်း သူ့ရဲ့တစ်နိုင်ငံတည်းသားကိုတော့ ချီးကျူးပြောဆိုခဲ့ပါတယ်။ "အင်္ဂလန်သို့ သူ ပထမဆုံးရောက်တဲ့အချိန်မှာ အသင်းတွေကို ခြိမ်းခြောက်နိုင်ခဲ့တာ ကျွန်တော်တို့အားလုံး သိခဲ့ပါတယ်" လို့ ၂၀၁၈ ခုနှစ်တုန်းက Sky Sports သို့ အွန်နရီက ပြောခဲ့တာပါ။
"သူ့ကိုတော်တော်များများ ရည်ညွန်းမပြောကြပေမယ့် ဒါဟာ ပြောသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိဂ်မှာ တွေ့ဖူးသမျှ အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ သူလည်း ပါဝင်ပါတယ်" "အသက်သက်မှာ အာဆင်နယ်သို့ရောက်လာပြီး ဒါဟာ အရမ်းကိုခက်ခဲခဲ့မှာပါ။ အဝေးကွင်းပွဲစဉ်တွေမှာဆိုရင်လည်း အမြဲတမ်း ယှဉ်ပြိုင်နေရမှာပါ။ ဒါကို ချဲလ်ဆီးမှာလည်း လုပ်ခဲ့ပြီး လိဂ်ဖလားကိုလည်း အဲ့ဒီမှာ ရရှိခဲ့ပါတယ်"
"ရီးရဲလ်မက်ဒရစ်ကို ပြောင်းသွားပေမယ့် အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအကြောင်း ကျွန်တော်တို့က ပြောနေရတုန်းဖြစ်ပြီး အာဆင်နယ်မှာတုန်းက အဓိကကျခဲ့တယ်လို့ ထင်မိပါတယ်" လို့ အွန်နရီက ပြောပါတယ်။