The network connection is lost.

Banner Image

မန်စီးတီးစတားထက် ရီးရဲလ်အသင်းစတားကိုသာ နည်းပြချင်နေတဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက မိမိအနေနဲ့ ဟာလန်းထက် ဘာပေကိုသာ နည်းပြလုပ်ချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ချန်ပီယံလိဂ်ခြေစစ်ပွဲပထမအကျော့မှာ ဟာလန်းက စီးတီးအတွက် ၂ ဂိုးသွင်းခဲ့ပေမယ့် ရီးရဲလ်ကနောက်ကနေလိုက်ကစားကာ ဘာပေ ၊ ဒီယက်ဇ် ၊ ဘယ်လင်ဟမ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

အွန်နရီ ၊ ကာရေဂါ နဲ့ မီကာရစ်ချက်စ်တို့ဟာ CBS Sports မှာ အစီအစဉ်တင်ဆက်သူတွေအဖြစ် လုပ်ကိုင်နေပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား အငြင်းပွားမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အွန်နရီကတော့ ဟာလန်းထက် ဘာပေကိုသာ နည်းပြလုပ်ချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ကျွန်တော်ကတော့ ဘာပေကိုပဲ ရွေးချယ်ချင်ပါတယ်။ ဒီကောင်လေးက တစ်နှစ်ခွဲလောက် နံပတ် ၉ အဖြစ်ကစားဖို့ ကြိုးစားနေတာပါ။ သူတို့ ပီအက်စ်ဂျီမှာတုန်းကလည်း ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် အဲ့တာက အလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ ရီးရဲလ်မှာ အလုပ်စဖြစ်နေပါပြီ။ သူအဲ့နေရာမှာ အထိုင်ကျဖို့ လိုအပ်နေပါတယ်။ ဟာလန်းက တိုက်စစ်မှူးအဖြစ် ကစားသမားဘဝအစကတည်းက ကစားလာခဲ့တာပါ။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ မရှိချိန်မှာ သူတို့ ၂ ယောက်ရဲ့အားပြိုင်မှုကို မြင်ရမှာပါ။ ဒါပေမဲ့ အခုချိန်မှာ လူတွေက သူတို့ကစားနေတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေဆဲပါ။ ဒါပေမယ့် အချက်အလက်တွေတင်မဟုတ်ပဲ  ဂိုးတွေပါ ကြည့်ရမှာပါ။ သူတို့ ၂ ယောက်က အကောင်းဆုံးမဟုတ်သေးပေမယ့် ထိပ်တန်းကစားသမားတွေဖြစ်လာနေပါတယ်။

လူတွေက ငြင်းခုန်တာတွေဖြစ်လာနိုင်ပါတယ်။ လူတွေက ဘာပေအကြောင်းပြောကြတာရှိသလို အချို့ကလည်း ဗင်နီ ၊ အချို့ကလည်း ယာမဲလ်ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော် ပြောချင်တာက အဲ့တာက သေချာတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော်တို့ သေချာတာကို တွေးဖို့ လိုအပ်ပါတယ်။ ဘာပေကိုပဲ ကျွန်တော်ကတော့ ရွေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူလုပ်ပြနေတာတွေက တကယ်ကိုမတူညီတာတွေပါ။ နည်းပြအနေနဲ့ သူက ညာခြမ်းကော ၊ ဘယ်ခြမ်းကော ၊ တိုက်စစ်မှာပါ ကစားနိုင်ပါတယ်။

ဟာလန်းဆိုရင် ဘယ်ခြမ်း နဲ့ ညာခြမ်းစတဲ့ အဲ့နေရာတွေမှာ ကစားနိုင်မယ်လို့ မထင်ပါဘူး။ ဟာလန်းက တိုက်စစ်တစ်နေရာတည်းမှာပဲ ကစားနိုင်စွမ်းရှိပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။ ဘာပေတစ်ယောက် အွန်နရီရဲ့ထောက်ခံမှုရခဲ့ပေမယ့် အလုပ်လုပ်ဖို့ အများကြီးလိုအပ်နေတာဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ခြေစစ်ပွဲဒုတိယအကျော့ကန်ရမှာဖြစ်ပါတယ်။ ရီးရဲလ်က ၁ ဂိုးအသာရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားနေပြီး စီးတီးအနေနဲ့ စပိန်မြေမှာ ပြန်လာနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။