ပုံစံအသစ်နဲ့ကျင်းပသွားမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုအဆင့် မဲခွဲပွဲပြုလုပ်
လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှာ ပုံစံအသစ်နဲ့ကျင်းပသွားမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေအတွက် ယမန်နေ့ညက မဲခွဲပွဲပြုလုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမယ့် ယခုပြိုင်ပွဲမှာ ကမ္ဘာတစ်ဝှမ်းအကောင်းဆုံးကလပ်တွေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ၃၂ သင်းအထိ ပါဝင်သွားမှာဖြစ်ပါတယ်။ မဲခွဲမှုရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အုပ်စု(က)
ပါးမီးရက်စ်
ပေါ်တို
အယ်လ်အာလီ
အင်တာမီယာမီ
အုပ်စု(ခ)
ပီအက်စ်ဂျီ
အက်သလက်တီကို
ဘိုတာဖိုဂို
ဆီတဲလ်ဆောင်ဒါ
အုပ်စု(ဂ)
ဘိုင်ယန်မြူးနစ်
အုတ်ခ်လန်စီးတီး
ဘိုကာဂျူနီယာ
ဘင်ဖီကာ
အုပ်စု(ဃ)
ဖလာမင်ဂို
အက်စ်ပါးရန့်
ချဲလ်ဆီး
ကလပ်လီယွန်
အုပ်စု(င)
ရေးဗားပလိတ်
အူရာဝါရက်ဒိုင်းမွန်း
မွန်တာရေး
အင်တာမီလန်
အုပ်စု(စ)
ဖလူမီနန့်စ်
ဒေါ့မွန်
အယ်လ်ဆန်
မာမီလိုဒီဆန်းဒေါင်းစ်
အုပ်စု(ဆ)
မန်စီးတီး
ဝိုင်ဒက်
အယ်လ်အင်း
ဂျူဗင်တပ်စ်
အုပ်စု(ဇ)
ရီးရဲလ်မက်ဒရစ်
အယ်လ်ဟီလယ်
ပါချူကာ
ဆဲလ်ဘတ်
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှစတင်ပြီး ဇူလိုင်လ ၁၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အဖွင့်ပွဲကို အင်တာမီယာမီမှာကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ နယူးဂျာစီမှာကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။