The network connection is lost.

Banner Image

ယူနိုက်တက်ကစားသမားတွေရဲ့ အာရုံစူးစိုက်နိုင်မှုကို စိုးရိမ်နေဆဲဖြစ်တဲ့ တန်ဟက်

ဆန်ချိုကို ထုတ်ပယ်ခဲ့ပြီးနောက် ယူနိုက်တက်ကစားသမားအချို့ရဲ့အာရုံစူးစိုက်နိုင်မှုကို တန်ဟက်တစ်ယောက် စိုးရိမ်နေဆဲလို့ သိရပါတယ်။ နယ်သာလန်သားဟာ အင်္ဂလန်ကို ရောက်ရှိလာခဲ့တဲ့ ၁၈ လတာ ကာလအတွင်း တင်းကျပ်တဲ့ စည်းကမ်းပိုင်းဆိုင်ရာနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာတော့ တန်ဟက် နဲ့ ဆန်ချိုတို့ကြားပြဿနာတက်နေပြီး ကစားသမားဘက်က တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် စီနီယာအသင်း လူစာရင်းအပြင် အသင်းရဲ့ အသုံးအဆောင်အသုံးပြုခွင့်တွေကနေပါ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းက အာဆင်နယ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဆန်ချိုတစ်ယောက် ချန်လှပ်ခံခဲ့ရပြီး အဲ့နောက် လူမှုမီဒီယာမှာ ပို့စ်တင်ခဲ့ပေမယ့် ပြန်ဖျက်ခဲ့သလို တန်ဟက်ကိုလည်း မတောင်းပန်ခဲ့တာဖြစ်ပါတယ်။
 
ဆန်ချိုရဲ့ပြစ်စဉ်ကို ကစားသမားတော်တော်များများက မေးခွန်းထုတ်နေကြပေမယ့် တန်ဟက် နမူနာအနေနဲ့ ပြသနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ သတင်းတွေအရ အေဂျက်နည်းပြဟောင်းဟာ လက်ရှိကစားသမားအချို့ရဲ့အာရုံစူးစိုက်မှုကို စိုးရိမ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်အသင်းတွေကို အနိုင်ရခဲ့ပေမယ့် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ပ်က ဆန်ချိုအခြေအနေကို သေချာလေးကိုင်တွယ်နိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ “မင်းအနေနဲ့ အခုလိုမျိုးမလုပ်သင့်သလို နည်းပြက ဆုံးဖြတ်ချက်တွေချမှတ်တာပါ။ တကယ်လို့ ဆန်ချို အနေနဲ့ လူသိရှင်ကြား ဒါမှမဟုတ် အတွင်းပိုင်းထဲမှာ မတောင်းပန်ဘူးဆိုရင် အဲ့တာက သူ့အမှားပါ။ သူ့အနေနဲ့ တောင်းပန်လိုက်မယ်ဆိုရင် အသင်းမှာ နေရာတစ်နေရာပြန်ရလာနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ်နည်းလမ်းတစ်ခုက လေ့ကျင့်ခန်းမှာ ကြိုးစားလေ့ကျင့်ပြီး ကောင်းကောင်းကစားပြဖို့ပါ”လို့ ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။