The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ရဲ့ အရိုးသားဆုံးအသင်းကို ထုတ်ဖော်ပြောကြားလာတဲ့ စလော့

လီဗာပူးအသင်းနည်းပြ စလော့က မိမိတို့အသင်းဟာ ပရီးမီးယားလိဂ်မှာ အရိုးသားဆုံးအသင်းဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်သလို မိမိကစားသမားတွေဟာ ဘယ်တုန်းက ဒိုက်ဗင်မပစ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ စလော့က သူ့အသင်းဟာ အကြိမ်ရေတော်တော်များများရိုးသားသလို ချန်ပီယံဆုကာကွယ်ဖို့ ညစ်ပတ်တဲ့အမူအကျင့်တွေမလုပ်ဘူးလို့ ယုံကြည်နေပါတယ်။

နယ်သာလန်သားနည်းပြကတော့ တစ်ချို့အချိန်တွေမှာ သူ့ကစားသမားတွေအနေနဲ့ ပြစ်ဒဏ်ဘောကို ဉာဏ်ရှိရှိမယူတတ်တာကို ဝေဖန်ခဲ့တာတွေရှိခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ “ပရီးမီးယားလိဂ်အရိုးသားဆုံးအသင်းကိုပြောပါဆိုရင် ကျွန်တော့်အသင်းကိုပဲပြောရပါလိမ့်မယ်။ ကျွန်တော့်ကစားသမားတွေကို ပြစ်ဒဏ်ဘောကို ဉာဏ်ရှိရှိမယူတတ်လို့တောင် တစ်ခါတလေ ဝေဖန်တာတွေရှိခဲ့ပါတယ်။

ကျွန်တော်တို့ ဘယ်တုန်းကမှဒိုက်ဗင်မပစ်ခဲ့သလို အချိန်လည်းမဆွဲခဲ့ပါဘူး။ ပဲလေ့စ်နဲ့ ကွန်မြူနတီဖလားပွဲမှာတောင် ဝီရက်ဇ်တစ်ယောက် ကွင်းလယ်ဒိုင်ကို သူလဲမကျခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ အဲ့မှာဒိုင်ကတောင် ခင်ဗျားမလဲကျဘူးဆိုရင် ကျွန်တော်လည်း ပြစ်ဒဏ်ဘောမပေးဘူးလို့ ပြန်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သလို ကျွန်တော်တို့ ပြစ်ဒဏ်ဘော ၁၃ ကြိမ်လောက်လုပ်ခဲ့ပေမယ့် သူတို့က ၅ ကြိမ်လောက်ပဲလုပ်ခဲ့ပါတယ်။ အဲ့တာက ကျွန်တောတို့ ဘယ်လိုအသင်းမျိုးလဲဆိုတာကို ပြသနေပါတယ်”လို့ စလော့က ဖြေကြားခဲ့ပါတယ်။ 

စလော့က မှတ်ချက်ပြုနေပေမယ့် လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက မျှတစွာကစားခဲ့တဲ့အမှတ်ပေးဇယားမှာ ထိပ်ဆုံးမှာရပ်တည်မနေပဲ စီးတီးက အဝါကတ်ရရှိမှုအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ အနီကတ်မှာတော့ ၂ ကတ်ရရှိခဲ့ပြီး ပြိုင်ပွဲအတွင်း ဒုတိယမြောက်အမြင့်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် အားလုံးခြုံလိုက်ရင် လီဗာပူးဟာ အသန့်ရှင်းဆုံးအသင်းအဖြစ် အဆင့် ၆ နေရာမှာသာ ရပ်တည်နေပါတယ်။ စလော့ရဲ့လီဗာပူးအသင်းဟာ ဒီနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် သြဂုတ်လ ၂၅ ရက်နေ့မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။