The network connection is lost.

Banner Image

နေရာအသစ်နဲ့ပတ်သက်ပြီး သဘောကျနေတဲ့ ရီးရဲလ်စတား

ရီးရဲလ်စတား ချူအာမီနီတစ်ယောက် အလွန်ဆိုလက်အောက် နေရာအသစ်မှာကစားနေရတာနဲ့ပတ်သက်ပြီး သဘောကျနေတယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ ဘော်လ်ဒိုးမြေမှာ ကြီးပြင်းခဲတာဖြစ်ပြီး အခုနည်းပြသစ် အလွန်ဆိုလက်အောက်မှာ ကစားရတာကို နှစ်သက်နေပါတယ်။ အသက် ၂၅ နှစ်သားဟာ အခုနှစ်မှာ နည်းပြဟောင်း အန်ဆယ်လော့တီလက်အောက်မှာကော အလွန်ဆိုလက်အောက်မှာပါ နေရာရနေတာဖြစ်ပြီး စွယ်စုံကစားနိုင်တာကြောင့် အဆင်ပြေနေပါတယ်။

အလွန်ဆိုလက်အောက်မှာ ချူအာမီနီဟာ မက်ဒရစ်အတွက် အဓိကကစားသမားဖြစ်လာခဲ့ပြီး ပွဲအခြေအနေပေါ်မူတည်ကာ ကွင်းလယ်ခံစစ်ကစားသမား နဲ့ ဗဟိုနောက်ခံလူအဖြစ် ကစားနေရပါတယ်။ အလွန်ဆိုကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့အင်တာဗျူးတွေမှာ ချူအာမီနီဟာ အသင်းရဲ့အရေးပါတဲ့ကစားသမားလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ ချူအာမီနီက “ကျွန်တော် အလွန်ဆိုနဲ့ပတ်သက်ပြီး ပျော်ပါတာ်။ အရိုးသားဆုံးပြောတာပါ။ နည်းပြက ကျွန်တော့်အတွက်လုပ်ဆောင်ပေးတဲ့အရာတွေက အဆင်ပြေနေပါတယ်။ သူ့မှာ စိတ်ကူးအသစ်တွေရှိနေသလို ၂၀၂၅ အစကတည်းက ကျွန်တော့်အတွက်ပိုကောင်းလာပါတယ်။ ကားလို့စ်လက်အောက်မှာကတည်းက အဆင်ပြေခဲ့တာဖြစ်ပြီး အခုအလွန်ဆိုလက်အောက်မှာလည်း ပွဲတစ်ပွဲချင်းစီအပေါ် အာရုံစိုက်နိုင်သလို အသင်းဖော်တွေကို ဆက်လက်ကူညီပေးနိုင်ပါတယ်။ အဲ့တာကို ဆက်လက်တိုးတက်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ချူအာမီနီတစ်ယောက် ရီးရဲလ်အသင်းဖော်တွေနဲ့ပြန်လည်ပေါင်းဆုံမှာဖြစ်ပြီး ချန်ပီယံလိဂ်မတိုင်ခင် ဆိုစီဒက်အသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။