ဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် နာကျင်စွာကစားနေရတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်
လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိနေတဲ့ ချူအာမီနီက ပြန်ကောင်းလာခဲ့တာဖြစ်ပြီး အက်သလက်တစ်ကလပ်နှင့်ပွဲမှာ ကွင်းလယ်တွင် ပြန်လည်ပါဝင်လာခဲ့ပေမယ့် ဂျီရိုနာနှင့်ပွဲမှာတော့ ခံစစ်သို့ ဆင်းကစားခဲ့ရပါတယ်။ ဒါတောင် သူ့ခြေထောက်က သူ့ကို ဆက်ပြီး ဒုက္ခပေးနေတုန်းဖြစ်ပါတယ်။
လော့စ်ဘလန်စကိုမှာ တိုနီခရုစ်မရှိတော့တဲ့ ရာသီအတွက် ချူအာမီနီ နှင့် ဗယ်လ်ဗာဒီတို့က ကာမီအောင် ကစားပေးနေရတာဖြစ်ပါတယ်။ သို့သော်လည်း ပြင်သစ်သားဟာ သူ့ရဲ့အကောင်းဆုံးပုံစံနှင့် အလှမ်းဝေးနေခဲ့ပြီး အဆက်မပြတ်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကာ လာမည့်နွေရာသီတွင် သူ့ကိုရောင်းချမည်ဟုပင် ပြောဆိုမှုတွေရှိနေတာ ဖြစ်ပါတယ်။ မန်နေဂျာ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် ကွင်းလယ်ခံစစ်တွင် အရန်ခုံက အက်ဆန်စီကို အား သူ့ရဲ့နေရာတွင် ဝင်ရောက် ကစားစေခဲ့ပါတယ်။
ဒေးဗစ်အလာဘာ ပြန်လည်ကောင်းမွန်လာမှုက သေချာမှုမရှိနေတာဖြစ်ပြီး အန်ဆယ်လော့တီကတော့ သူ့ကို အက်ဆန်စီကိုထက် ပိုမိုနှစ်သက်နေပုံရကာ ခံစစ်တွင် ရေရှည်ကစားရန် အဆင်သင့်ဖြစ်နေပုံပေါ်ပါတယ်။ သို့သော်လည်း ချူအာမီနီက သူ့ရဲ့ အကောင်းဆုံးကြံ့ခိုင်မှုသို့ ပြန်မရောက်သေးကြောင်း Relevo ကဖော်ပြထားပါတယ်ယူရိုပြိုင်ပွဲမှာ ကစားပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ ပြဿနာမရှိဘဲ ကစားနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ မေလက ဒဏ်ရာရခဲ့တဲ့ ဘယ်ခြေဖဝါးမှာ နာကျင်နေသေးတယ်လို့ ကလပ်က ပြောထားပါတယ်။ သူက ဒဏ်ရာပြဿနာကနေ အပြည့်အဝ မသက်သာသေးပါဘူး။