The network connection is lost.

Banner Image

ဝုဗ်နှင့်ပွဲက ပထမပိုင်းအပြီး ကလော့ပ် ဘာတွေပြောခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ ဆိုဘိုဆလိုင်း

ကလော့ပ်ရဲ့အသင်းဟာ မိုလင်းနက်ဇ်တွင် ဝုဗ်ကို ၃-၁ ဂိုးဖြင့်အနိုင်ယူကာ အထင်ကြီးလောက်စရာ comeback လုပ်နိုင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်ရာသီအစတွင် အပြုသဘောဆောင်တဲ့ စတင်မှုတွေကို စနေနေ့မှာ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်အသင်းက ခြေစွမ်းပြသပြီး အနည်းဆုံး ၂ ဂိုးအထိ သွင်းနိုင်ခဲ့တာကြောင့် လီဗာပူးရဲ့ခြေစွမ်းက ဆိုးရွားနေခဲ့ပါတယ်။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ လီဗာပူးဟာ ပထမပိုင်းနှင့် မတူညီတဲ့အသင်းဖြစ်လာခဲ့ပြီး အသစ်ခေါ်ယူထားသော ဆိုဘိုဆလိုင်းက ဝုဗ်နှင့်ကစားခဲ့တဲ့ပထမပိုင်းအပြီး နည်းပြ ဘာတွေပြောခဲ့သလဲဆိုတာ ပရိသတ်တွေကို ပြန်လည်ပြောပြလိုက်ပါတယ်။

"အဓိက ကတော့ ကျွန်တော်တို့ အရှုံးမပေးဘဲ အကောင်းဆုံးလုပ်ခဲ့တာပါ" လို့ လီဗာပူး ကွင်းလယ်ကစားသမားက Liverpool Echo မှတဆင့် ပြောကြားခဲ့ပါတယ်။ "ပထမပိုင်းအပြီးမှာ နည်းပြက ဒုတိယပိုင်းစတင်ကစားတဲ့အချိန် ကျွန်တော်တို့ လိုအပ်နေတဲ့ စိတ်အားထက်သန်မှုနဲ့ ပွဲအတွင်းဘယ်လိုကစားရမလဲဆိုတာ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ကစားကွက်ပြောင်းပြီး ကစားသမားအားလုံးက ကိုယ့်အလုပ်ကို ကောင်းကောင်းအလုပ်ခဲ့ကြလို့ ပွဲရဲ့ရလဒ်ကို ပြောင်းနိုင်ခဲ့တာပါ" လို့ သူက ပြောပါတယ်။

အသင်းရဲ့ စိတ်အားထက်သန်မှုက ဒုတိယပိုင်းမှာ ထင်ရှားခဲ့ပြီး မောပန်းနွမ်းနယ်နေတဲ့ မက်အက်လစ္စတာ နေရာတွင် လူးဝစ်ဒီယက်ဇ် လူစားဝင်ရောက်လာသလို အသင်းရဲ့နည်းဗျူဟာကလည်း ပြောင်းလဲသွားခဲ့ကာ ဆိုဘိုဆလိုင်းကလည်း တောင်ပံကနေ ကွင်းလယ်အတွင်းပိုင်းသို့ ဝင်ရောက်ကာ ကာတစ်ဂျုံးစ်နဲ့အတူ တွဲဖက်ကစားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဖွင့် ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာတွင် လီဗာပူးအသင်းက ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။