The network connection is lost.

Banner Image

အစ်ဘီဇာကမ်းခြေက ဇိမ်ခံရွက်လှေကြီးပေါ်မှာချစ်သူနဲ့အတူ အပန်းဖြေနေတဲ့ ဘရာဇီးရော်နယ်ဒို

ဘရာဇီးဂန္တဝင်ကြီး ရော်နယ်ဒိုဟာ ကာလရှည်လက်တွဲခဲ့တဲ့ ချစ်သူဆယ်လီနာနဲ့အတူ စပိန်နိုင်ငံ အစ်ဘီဇာကျွန်းမှာ အပန်းဖြေလျက်ရှိပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇိမ်ခံရွက်လှေကြီးပေါ်မှာ စပိန်ရဲ့တောက်ပနေရောင်နဲ့ အတူ ရေစိမ်နေတာပဲ ဖြစ်ပါတယ်။ ချစ်သူဆယ်လီနာအပြင် ကလေးတွေနဲ့ သူငယ်ချင်းတွေလည်း ပါဝင်ပါတယ်။

အရင်ဆုံးနေပူဆာလှုံကြပြီးနောက်မှာ ပင်လယ်ထဲကို အဖွဲ့လိုက်ရေဆင်းကူးကြပါတယ်။ အနားယူသွားပြီဖြစ်တဲ့ ဂန္တဝင်ကြီးဟာ ရေတော်တော်လေး ကြိုက်ပုံရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကတင် ဆယ်လီနာနဲ့ နှစ်ယောက်တည်း ပင်လယ်ထဲမှာ ရေငုပ်ခဲ့ပါသေးတယ်။ စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိပေမယ့်လည်း ဒိုကြီးတစ်ယောက် သူ့ချစ်သူကို နီးနီးစပ်စပ် နေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဆယ်လီနာနဲ့ ၂၀၁၇ ကတည်းက တွဲခဲ့တာပါ။။ သူတို့စုံအတွက် ပထမဆုံးကလေး၊ ဒိုကြီးအတွက် ၅ ယောက်မြောက် ကလေးကိုတော့ ၂၀၂၁ ထဲမှာ ရရှိခဲ့ပါတယ်။

ဒိုကြီးတို့စုံတွဲနေအိမ်ကို ပြီးခဲ့တဲ့လကတင် ဖောက်ထွင်းမှုဖြစ်ခဲ့တာကြောင့် စိတ်ညစ်စရာ အခြေအနေတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ သူခိုးတွေက အစ်ဘီဇာရှိနေအိမ်ကို ခိုးဝင်ခဲ့တာဖြစ်ပြီး ပေါင် ၂.၅ သန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါဖောက်ထွင်းမှုဖြစ်ချိန်မှာ ရောနယ်ဒိုက မာကိုဗာရက်တီနဲ့အတူ အီတလီမိသားစုအစီအစဉ်ကို ရောက်ရှိနေပါတယ်။

ဒိုကြီးဟာ အဝလွန်မှုကြောင့် ခန္ဓာကိုယ်က အချိုးကျမှုမရှိတော့သော်လည်း ခြေစွမ်းကောင်းနေဆဲဆိုတာကို ဒီနှစ်အစောပိုင်းက ၅ ယောက်တစ်သင်း ပွဲတစ်ခုမှာ သက်သေပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာစူပါစတားကြီးဟာ ခံစစ်မှူးတစ်ဦးကို အရုပ်လိုကစားပြီး အမိုက်စားဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးကို ကြည့်ခြင်းအားဖြင့် ဒိုကြီးတစ်ယောက် ဘောလုံးပါရမီတွေ မကုန်ဆုံးသေးဘူးဆိုတာ သိနိုင်ပါတယ်။