The network connection is lost.

Banner Image

ဒီလစ်ချ်ရဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့မှုအပေါ် အရိပ်အမြွက်ပြောကြားလိုက်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ

သရဲနီတွေဟာ ယခုရက်သတ္တပတ်အစောပိုင်းက ပေါင် ၅၂ သန်းနဲ့ လိုင်လီကနေ လီနီယိုရိုကို ခေါ်ယူခဲ့ပြီးနောက်နွေရာသီအတွက် ဗဟိုခံစစ်ကစားသမားတစ်ဦး ဝယ်ယူခဲ့ကြောင်း အတည်ပြုထားပါတယ်။

ယူနိုက်တက်ဟာ အေဂျက်စ်မှာ တန်ဟက်နှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့တဲ့ ဒီလစ်ချ်ကို ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက်နေတာကြောင့် ဈေးကွက်မှာ နောက်ထပ် နောက်ခံလူတစ်ဦးကို‌ ခေါ်ယူဖို့ရှိနေသေးတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ကစားသမားဘဝကို နယ်သာလန်ကလပ်မှာနှင့် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဂျူဗင်တပ်စ်သို့ မပြောင်းရွှေ့မီ တန်ဟက်ရဲ့လက်အောက်မှာ ကစားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ယခုအပြောင်းအရွှေ့ကာလတွင် နောက်ခံလူတစ်ဦးကို ရောင်းချရန် ဖြစ်နိုင်ချေရှိပြီး ဒီလစ်ချ်ရဲ့ အိုးထရက်ဖို့ဒ်သို့ အပြောင်းအရွှေ့ဟာ ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားသော်လည်း နယ်သာလန်သားကို ကလပ်မှ ထွက်ခွာဖို့ တွန်းအားပေးထားခြင်း မရှိကြောင်း ဟိုဟီးနက်စ်က ပြောကြားထားပါတယ်။

"နောက်ခံလူတစ်ယောက် ထွက်သွားဖို့က ဖြစ်နိုင်ပါတယ်။ ဒီလစ်ချ်က ဒတ်ခ်ျလူမျိုးဖြစ်ပြီး စတာယူနိုက်တက်နည်းပြကလည်း ဒတ်ခ်ျလူမျိုးပါ" "သူရှိနေရင်လည်း ကျွန်တော့်အတွက်က ပြဿနာမရှိပါဘူး။ ကျွန်တော့် သဘောအရဆိုရင် အူပါမီကာနိုကိုလည်း ရောင်းချမှာ မဟုတ်ပါဘူး" လို့ ဟိုဟီးနက်စ်က ပြောထားပါတယ်။

ယူနိုက်တက်ရဲ့ ဒီလစ်ချ်ကို ခေါ်ယူရန် စိတ်အားထက်သန်နေကြောင်း တန်ဟက်က ပြောကြားထားပြီး လွန်ခဲ့တဲ့ နှစ်နှစ်က ကလပ်သို့ ခေါ်ယူရန် စိတ်အားထက်သန်နေသော်လည်း ယခုတစ်ကြိမ်တွင် အပြောင်းအရွှေ့အတွက် တွန်းအားပေးခဲ့တာကတော့ အမှန်တကယ် မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။

"ဒီလစ်ချ်ရောက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ" "ကျွန်တော်က သူ့ကို ကောင်းကောင်းသိနေတာကြောင့် ဒါကိုငြင်းမှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ခေါ်ယူချင်ခဲ့ပေမယ့် အဲ့ဒီအချိန်က သူဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ခေါ်ယူဖို့ ကျွန်တော်ပြောခဲ့တာမဟုတ်ပါဘူး" လို့ တန်ဟက်က AD Sportwereld သို့ ပြောကြားခဲ့ပါတယ်။

ယိုရိုနှင့် ဇီကာဇီတို့က အိုးထရက်ဖို့ဒ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဂရင်းဝုဒ်၊ ဘန်ဒီဘီခ်နှင့် ကမ်ဘွားလားတို့ကို ရောင်းထုတ်ခဲ့ကာ ဗာရာနီ၊ မာရှယ်နှင့် ဘရန်ဒန်ဝီလီယံတို့ကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တာကြောင့် ယူနိုက်တက်အတွက် အလုပ်ရှုပ်တဲ့ နွေရာသီဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်အတွက် ကမ်းလှမ်းမှု ၂ ကြိမ် ပယ်ချခြင်းခံခဲ့ရပြီးနောက် ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီကို ခေါ်ယူရန် လုပ်ဆောင်နေပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ဂျူဗင်တပ်စ်မှ ထွက်ခွာပြီးနောက် အလွတ်အေးဂျင့်ဖြစ်နေတဲ့ ပြင်သစ်လက်ရွေးစင် ရာဘီဘော့အား ခေါ်ယူရန် ယူနိုက်တက်က ချိတ်ဆက်မှုများ ပြုလုပ်နေပါတယ်။