အာမိုရင်မရှိတဲ့နောက် တပ်ပျက်နေတဲ့ စပို့တင်း
အာမိုရင်ဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်သို့ ထွက်ခွာသွားပြီးနောက် စပို့တင်းရဲ့ပုံစံဟာ ရုတ်တရက်ကျဆင်းသွားခဲ့ပါတယ်။ အာမိုရင်ဟာ ၂၀၂၀ ခုနှစ်တွင် ပေါ်တူဂီကလပ်သို့ ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်ရှိ တန်ဟက်ရဲ့နေရာသို့ အစားထိုးဝင်ရောက်ရန်အတွက် နိုဝင်ဘာလတွင် ထွက်ခွာခဲ့တာဖြစ်ပါတယ်။
စပို့တင်းဟာ အမ်မိုရင် လက်အောက် ၂၀၂၄-၂၅ ရာသီတွင် အကောင်းဆုံးဖြစ်ခဲ့ပြီး သူထွက်ခွာချိန်တွင် ၈ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမ်မိုရင်ရဲ့ နေရာတွင် ပါရဲယား အစားထိုးဝင်ရောက်ခဲ့ပြီး ပထမဆုံးပွဲတွင် အက်မရန်တီကို ၆-၀ ဂိုးဖြင့်အနိုင်ရရှိကာ အသင်းကို ဦးဆောင်နိုင်ခဲ့သော်လည်း ယခုအခါ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသောကြောင့် အခြေအနေများ ဆိုးရွားလာခဲ့ပါတယ်။
ကြာသပတေးနေ့တွင် စပို့တင်းဟာ မီရီရန်နက်စ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်စုံ ၃ ပွဲဆက်တိုက် ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီကလပ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ပီအက်စ်ဗွီကို ရှုံးနိမ့်ခဲ့ပြီး လိဂ်မှာလည်း ဖန်မယ်လီကာအို နဲ့ ရီယိုအေ့ဗ် တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။
ပါရဲယားဟာ စပို့တင်းကို ကိုင်တွယ်ချိန်တစ်လမပြည့်မီအချိန်အတွင်း ၄ ပွဲအထိ ကိုင်တွယ်ထားပါတယ်။ သို့သော်လည်း O Jogo ရဲ့အဆိုအရ စိတ်မရှည်ဖြစ်နေတဲ့ ပရိသတ်တွေဟာ ကြာသပတေးနေ့တွင် အဖြူရောင်လက်ကိုင်ပုဝါများကို ဝှေ့ယမ်းကာ အသက် ၄၀ အရွယ် နည်းပြကို ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြပါတယ်။
စပို့တင်းဟာအင်္ဂါနေ့တွင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကလပ်ဘရူဂီနှင့်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အမ်မိုရင်ရဲ့နေရာကိုဆက်ခံတဲ့ နည်းပြအနေနဲ့ ဖိအားများတိုးလာနေကာ အဆိုပါပွဲတွင် အနိုင်ရဖို့အတွက် မျှော်မှန်းရမှာလည်းဖြစ်ပါတယ်။