The network connection is lost.

Banner Image

အင်္ဂလန်က နယ်သာလန်ကို အနိုင်ယူပြီး အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ဖိုင်နယ်သို့ ရောက်ရှိလာတဲ့အပေါ် တုံ့ပြန်ပြောကြားလိုက်တဲ့ စပိန်နည်းပြ

အိုလီဝက်ကင်စ်ရဲ့ ဂိုးဖြင့် နယ်သာလန်အား အင်္ဂလန်ရဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို စပိန်အသင်းနည်းပြချုပ်က စိတ်ဝင်တစားဖြင့် စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းရဲ့ ပင်နယ်တီသွင်းယူခဲ့တဲ့ ပထမပိုင်းအပြီးမှာ ဆိုင်မွန်ရဲ့ဂိုးကို ချေပနိုင်ခဲ့ပြီး နှစ်သင်းလုံးက အနိုင်ဂိုးကို ရရှိဖို့ ကြိုးစားနေခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ရဲ့ ဆီမီးဖိုင်နယ်မှာ အချိန်ပိုအထိ ရောက်ဖို့ ရည်မှန်းထားသလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ရဲ့အသင်းဟာ ဝင်ဘာလေမှာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး သုံးနှစ်အကြာမှာ ဒုတိယမြောက် ဥရောပချန်ပီယံရှစ် ဖိုင်နယ်သို့ရောက်ရှိအောင် တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ယခုနွေရာသီပြိုင်ပွဲတွင် အပြည့်စုံဆုံး အသင်းအဖြစ် အင်္ဂါနေ့တုန်း ပြင်သစ်ကို ကျော်ဖြတ်ကာ ဖိုင်နယ်သို့ရောက်ရှိလာတဲ့ စပိန်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမယ့် ပွဲစဉ်အတွက် ပြင်ဆင်နေပါတယ်။ ဆီမီးဖိုင်နယ်တွင် အင်္ဂလန်ရဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲရရှိခဲ့တဲ့အပေါ် ဘယ်လိုမြင်သလဲလို့မေးရာတွင် ဒီလာဖူရန်တီက စပိန်သတင်းစာဖြစ်တဲ့ La 1 သို့ "နှစ်သင်းလုံးက အရမ်းခက်ခဲတဲ့ ပြိုင်ဘက်တွေပါ"

"ဒီပြိုင်ပွဲမှာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတွေအားလုံးကို ယှဉ်ပြိုင်ကစားခဲ့တဲ့ အသင်းတွေရဲ့စာရင်းကို ပြီးမြောက်အောင် လုပ်သွားမှာဖြစ်ပြီး တခြားနည်းလမ်းနဲ့တော့ မဖြစ်နိုင်ပါဘူး။ အကောင်းဆုံး အသင်းနှစ်သင်းက ဖိုင်နယ်ကို တက်လှမ်းနိုင်မှာပါ" "ကျွန်တော်တို့ ညစာစားပြီးမှာ ပွဲကိုကြည့်ရင်း စိတ်အေးလက်အေးနဲ့ ရုံးခန်းထဲမှာ ခွဲခြမ်းစိတ်ဖြာပြီး နေခဲ့ပါတယ်။ ယခုကျွန်တော်တို့ရဲ့အလုပ်က အင်္ဂလန်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာဖို့ပဲ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒီလာဖူရန်တီက ပြိုင်ဘက်ကိုအနိုင်ယူလိုခြင်း ရှိ၊ မရှိ ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း ၅၈ နှစ်အတွင်း ပထမဆုံးအကြိမ် အဓိကဆုဖလားကို ရှာဖွေနေတဲ့ အင်္ဂလန်အသင်းနှင့်ပွဲကို အကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ အင်္ဂလန်နှင့် နယ်သာလန်တို့အကြား ဦးစားပေးမှု ရှိ၊ မရှိ မေးမြန်းရာတွင် နည်းပြက "အရောင်းအသွေးအားလုံးအတွက် အမြင်နဲ့ အရသာတွေ ရှိပါတယ်။ သူတို့ဟာ ကြီးကျယ်တဲ့ အသင်းနှစ်သင်း ဖြစ်ခဲ့ပါတယ်"

"ပြိုင်ပွဲအစမှာ သူတို့ဟာ ချန်ပီယံဆုရဖို့ ယှဉ်ပြိုင်မယ့် အသင်းတွေထဲမှာ ရှိနေခဲ့ပြီး ဒါဟာ ဖြစ်ပျက်ခဲ့တာပါပဲ"
"အင်္ဂလန်ဟာ အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေနဲ့ အရမ်းအင်အားကြီးပါတယ်။ အရမ်းခက်ခဲပြီး တောင်းဆိုမှုတွေ ကြီးမားတဲ့ ပွဲတစ်ပွဲဖြစ်မှာပါ" လို့ ပြောပါတယ်။

စပိန်ဟာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ထက် ပိုကောင်းတယ်လို့ ယုံကြည်နေချိန်မှာ သူ့ရဲ့ကစားသမားတွေဟာ အောင်ပွဲခံပြီး ဘာလင်ကနေ ထွက်ခွာဖို့ ရှာဖွေလုပ်ဆောင်ရလိမ့်မယ်လို့ နည်းပြက ပြောကြားခဲ့ပါတယ်။

စပိန်အသင်းဟာ အင်္ဂလန်ထက် ပိုမိုကြောက်စရာကောင်းတဲ့အသင်း ဟုတ်မဟုတ်အပေါ် မေးရာတွင် နည်းပြက "အင်္ဂလန်မှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားအချို့ရှိပြီး အားကောင်းလွန်းပါတယ်" "ကျွန်တော်တို့က သူတို့ထက် ပိုကောင်းအောင် ကစားထားပေမယ့် အဲဒါက ပွဲအပေါ် လွှမ်းမိုးမှုမရှိဘူး" "ကျွန်တော့်အနေနဲ့ ထင်ရှားတဲ့ ကစားသမားကို နာမည်တပ်ပြောဆိုဖို့ မလိုပါဘူး။ သူတို့က နိုင်ငံတကာအဆင့်မှာ သက်သေပြထားတဲ့ မှတ်တမ်းကောင်းတွေရှိပေမယ့် ကျွန်တော်တို့ ကစားခဲ့တဲ့ အဆင့်ကိုတော့ဆက်ပြီး တိုးတက်စေချင်ပါတယ်" "ဖိုင်နယ်မှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် ပိုကောင်းတဲ့အရာကို ရှာရပါလိမ့်မယ်"လို့ ပြောပါတယ်။

နယ်သာလန်ကို အနိုင်ရပြီးနောက် မကြာမီ မီဒီယာများနှင့် တွေ့ဆုံချိန်တွင် ဆောက်ဂိတ်က အင်္ဂလန်ရဲ့နောက်ထပ်ပြိုင်ဘက်ဟာ ပြိုင်ပွဲတစ်ခုလုံးတွင် အယုံကြည်ရဆုံးအသင်းဖြစ်ကြောင်း ဝန်ခံခဲပါတယ်။ "ဒီအသင်းကို ပထမဆုံးအင်္ဂလန်ပြည်ပရဲ့ဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်" "ကျွန်တော်တို့က ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ အသင်းနဲ့ ကစားရမှာဖြစ်ပြီး ပြင်ဆင်ဖို့ တစ်ရက်ထပ်လုပ် ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာရှိနေတုန်း အကောင်းဆုံးတိုက်ပွဲဝင်ယှဉ်ပြိုင်သွားမှာပါ" လို့ အင်္ဂလန်အသင်းနည်းပြချုပ်က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။