ရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတဲ့ အယ်လ်နာဆာ
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ယခုနှစ် နွေရာသီမှာ စာချုပ်သစ်ကိစ္စအတွက် ဆွေေးနွးဖို့ စီစဉ်ထားပြီး ယခုအချိန်မှာတော့ ဆွေးနွေးမှုတွေက အစောပိုင်းကာလပဲရှိသေးတယ်လို့ ဆိုပါတယ်။
ရော်နယ်ဒိုဟာ စာချုပ်သစ်ကိစ္စအတွက် အလျင်စလိုမရှိပေမယ့် ဥရောပကို ပြန်သွားဖို့လည်း ဆန္ဒမရှိသေးပါဘူး။ ရော်နယ်ဒိုဟာ ၂၀၂၂ခုနှစ် ဒီဇင်ဘာလက ယူနိုက်တက်ကနေ အယ်လ်နာဆာကို ရောက်လာခဲ့တာဖြစ်ပြီး ၆၄ပွဲကစားရာမှာ ဂိုး၇၀ သွင်းနိုင်ခဲ့ပါတယ်။
ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ရာသီက ၃၁ပွဲကစားရာမှာ ၃၅ဂိုးသွင်းပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်း ယူရို၂၀၂၄ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ ဒီယူရိုပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်နိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။