The network connection is lost.

Banner Image

တော့တင်ဟမ်ကနေထွက်ခွာပြီးနောက် LAFC အသင်းထံပြောင်းရွှေ့တော့မယ့် ဆွန်ဟောင်မင်

သတင်းတွေအရ တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်တစ်ယောက် ၁၀ နှစ်ကစားခဲ့တဲ့အသင်းဟောင်းကနေထွက်ခွာပြီးနောက် LAFC အသင်းထံ ပေါင် ၁၃ သန်းနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့တုန်းက တောင်ကိုရီးယားသားဟာ ဆိုးလ်မြေမှာ တော့တင်ဟမ်ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီး အခုချိန်မှာတော့ စာရွက်စာတမ်းကိစ္စတွေအပြီးသတ်နေတာဖြစ်ပါတယ်။

ရိုမာနိုရဲ့အဆိုအရ ဆွန်ဟာ တော့တင်ဟမ်ကနေထွက်ခွာပြီး LAFC အသင်းထံပြောင်းရွှေ့ဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီလို့ ဆိုပါတယ်။ တောင်ကိုရီးယားသားဟာ တော့တင်ဟမ်အသင်းနဲ့အတူ လန်ဒန်မြေကို လိုက်ပါမှာမဟုတ်ပဲ မေဂျာလိဂ်ကလပ်နဲ့ ဆေးစစ်မှုခံယူဖို့ စောင့်ဆိုင်းမယ်လို့ သိရပါတယ်။ သတင်းတွေအရ အသက် ၃၃ နှစ်သားဟာ ပေါင် ၁၃ သန်းနဲ့ မေဂျာလိဂ်ကလပ်ထံပြောင်းရွှေ့မှာဖြစ်တယ်လို့ သိရပြီး နယူးကာဆယ်ကို ၁-၁ သရေကျခဲ့တဲ့ခြေစမ်းပွဲမှာ အသင်းဖော်တွေ နဲ့ ပရိသတ်တွေကို ဝမ်းနည်းဖွယ်နှုတ်ဆက်ခဲ့ပါတယ်။

ဆွန်ဟာ တော့တင်ဟမ်အတွက် ပွဲပေါင်း ၄၅၄ ပွဲမှာ ၁၇၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ သူ့နှုတ်ဆက်ပွဲမှာ ပရီးမီးယားလိဂ်ဂန္ထဝင်တွေထဲကတစ်ဦးဖြစ်တာကြောင့် ၂ သင်းစလုံးက ကစားသမားတွေကပါ ဝိုင်းပြီးနှုတ်ဆက်ခဲ့ပါတယ်။ ယခင်အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီကိန်းက မနှစ်ကတုန်းက ဘိုင်ယန်ထံပြောင်းရွှေ့ခဲ့ပြီး အခုဆွန်က မေဂျာလိဂ်မြေကို ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ အသက် ၃၃ နှစ်သားဟာ စနေနေ့တုန်းက သတင်းစာရှင်းပွဲမှာ အသင်းကနေထွက်ခွာမယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းက ပွဲကစားချိန် ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရပြီးနောက် အရန်ခုံမှာ မျက်ရည်တွေနဲ့ ထိုင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ LAFC အသင်းဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဆွန်ဟောင်မင်ကို ခေါ်ယူနိုင်ကြောင်း တရားဝင်ကြေညာမှာဖြစ်ပါတယ်။ စာရွက်စာတမ်းတွေအဆင်ပြေခဲ့ရင် တောင်ကိုရီးယားသားဟာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး အဲ့မတိုင်ခင် ကိုရီးယားမြေမှာ ဆက်နေဖွယ်ရှိနေပါတယ်။ တော့တင်ဟမ်ကတော့ ရာသီကြိုခရီးစဉ်အဖြစ် ဘိုင်ယန်အသင်းနဲ့ ထပ်မံခြေစမ်းပွဲကစားဦးမှာဖြစ်ပါတယ်။