The network connection is lost.

Banner Image

ကာရာဘောင်းဖလားပွဲစဉ်အတွင်း ဆောက်သမ်တန်ရဲ့တောင်းဆိုမှုတစ်ခုအပေါ် သုံးသပ်ချက်ပေးလိုက်တဲ့ အန်းစလော့

ဒီနေ့မနက်ပိုင်း၊ ဆောက်သမ်တန်ကို အနိုင်ရရှိတဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွင်း ပွဲချိန်နှောင်းပိုင်းပြစ်ဒဏ်ကျူးလွန်မှုတစ်ခုအတွက် ပြစ်ဒဏ်ရှောင်လွှဲနိုင်ခဲ့ခြင်းက ကံကောင်းလွန်းလို့ပါလို့ အန်းစလော့က ဝန်ခံပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးအသင်းက ဒါဝင်နူနက်ဇ်၊ အယ်လီယော့တို့ရဲ့ပထမပိုင်းသွင်းဂိုးတွေနဲ့အတူ ၁-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် တောင်ဘက်ကမ်းရိုးတန်းဒေသမှာ နိုင်ပွဲရရှိခဲ့ပြီး ကြာသပတေးနေ့၊ ဆီမီးဖိုင်နယ်မဲခွဲပွဲအတွက် တစ်နေရာစာ သေချာသွားခဲ့ပါတယ်။

ဒါပေမယ့် အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်တွေအတွင်း ကင်မရွန်းအာချာရဲ့ချေပဂိုးနဲ့အတူ ဆောက်သမ်တန်က ပွဲစဉ်ဆီ ပြန်လာနိုင်ခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ လီဗာပူးဂိုးဧရိယာအနီး မာသီးယက်စ်ဖာနန်ဒက်စ်ကို ကွင်ဆာရဲ့ဖျက်ထုတ်မှုအပေါ် အိမ်ရှင်ကစားသမားတွေက ပယ်နယ်တီပြစ်ဒဏ်ပေးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။

ကွင်းလယ်ဒိုင်ဆိုင်မွန်ဟူးပါးကတော့ အိမ်ရှင်တွေရဲ့တောင်းဆိုမှုကို လစ်လျူရှုပြီး ပွဲကို ဆက်ကစားရန်သာ ဆုံးဖြတ်ခဲ့ပါတယ်။ VAR စနစ်အသုံးမပြုတဲ့ပွဲစဉ်ဖြစ်လို့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဟာ နောက်ကြောင်းပြန်အရေးယူမှုတစ်ခုနဲ့ သီသီလေးလွတ်ထွက်လာခဲ့ပါတယ်။

ပွဲပယ်ပြစ်ဒဏ်ကြောင့် အခုပွဲစဉ်ကို ပွဲကြည့်စင်ပေါ်မှာသာ ကျော်ဖြတ်ခဲ့ရတဲ့ အန်းစလော့က ကွင်ဆာရဲ့ဖျက်ထုတ်မှုနဲ့ ပတ်သက်လို့ “ဘောလုံးက ကိုယ့်အသင်းခံစစ်လိုင်းအပေါ်မှ ကျော်ဖြတ်သွားပြီဖြစ်လို့ စိတ်လှုပ်ရှားစရာ မရှိပါဘူး။ ဒါပေမယ့် ကစားသမားနှစ်ဦး အချင်းချင်းတိုက်မိသွားတဲ့အခိုက်အတန့်ကို မြင်လိုက်ရချိန်မှာတော့ ဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာမလဲဆိုပြီး အမြဲလိုလိုတွေးမိတတ်ပါတယ်။

တကယ့်လက်တွေ့မှာတော့ ဆိုင်မွန်ကူးပါးအနေနဲ့ အခုနဲ့မတူတဲ့ အခြားဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်တယ်လို့ ကျွန်တော်တွေးနေမိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီဖြစ်ရပ်ကို ပြန်ကြည့်လိုက်တော့ ကွင်ဆာအနေနဲ့ သူ့ရဲ့လက်မောင်းကိုသာ အသုံးပြုခဲ့တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက ပြစ်ဒဏ်ဘောမဟုတ်ပါဘူး။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာမလဲဆိုတာ ကိုယ်မှမသိနိုင်တာ၊ ဟုတ်တယ်မလား?”လို့ ပြောပါတယ်။

တော့တင်ဟမ်ကို ငါးဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နည်းပြရပ်ဆဲလ်မာတင်ကို ထုတ်ပယ်ခဲ့ပြီး သုံးရက်အကြာ ဆောက်သမ်တန်က လက်ရှိချန်ပီယံတွေကို ယာယီနည်းပြဆိုင်မွန်ရပ်ခ်ရဲ့ဦးဆောင်မှုနဲ့အတူ ရင်ဆိုင်ခဲ့တာပါ။ အန်းစလော့ကလည်း အခုပွဲစဉ်အတွက် အသင်းခေါင်းဆောင်ဗန်ဒိုက်၊ ဂိုးသွင်းစက်မိုဆာလက်တို့ကို ပွဲနေ့လူစာရင်းမှ ဖယ်ရှားထားခြင်းအပါအဝင် ပွဲထွက်နေရာရှစ်ခုအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

အသက်-၁၇ နှစ်အရွယ်ကွင်းလယ်ကစားသမားအမ်ယိုနီရဲ့ ပွဲချိန်ပြည့်ပါဝင်ကစားမှုအပါအဝင် ကစားသမားအပြောင်းအလဲပြုလုပ်ခြင်းက အခုလိုအလုပ်များတဲ့ကာလတစ်ခုအတွက် အဓိကအချက်လို့ အန်းစလော့က ရှင်းပြပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက “အခုညပွဲစဉ်မှာ အခုထက်ပိုအားကောင်းတဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရလို့ ပုံမှန်ပွဲထွက်ကစားသမားတွေကိုပဲ ဆက်အသုံးပြုသွားမယ်ဆိုရင် ဒါက ပုံမှန်အခြေအနေမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုမဟုတ်ရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း သီတင်းပတ်တိုင်း ဆုံးဖြတ်ချက်အမှားတွေပဲ ချမှတ်နေတာမျိုး ဖြစ်သွားပါမယ်။

ဒါပေမယ့် ဒီကစားသမားတွေဆီမှာ ရှိနေတဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ သိရှိထားတာကြောင့် ဒီကစားသမားတွေကို ကျွန်တော်တို့ ယုံကြည်ကြပါတယ်။ ဒါက အခုလိုပွဲထွက်ကစားသမားတွေပြောင်းလဲမှုရဲ့ ပထမအကြောင်းပြချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်အဝရှိပါတယ်။

ဒုတိယအကြောင်းပြချက်ကတော့ ဒီလိုအပြောင်းအလဲလုပ်မှုက လာမယ့်တနင်္ဂနွေနေ့၊ တော့တင်ဟမ်ကိုရင်ဆိုင်ရမယ့် ပွဲစဉ်နဲ့ မသက်ဆိုင်ပါဘူး။ ကစားသမားတွေရဲ့ကြံ့ခိုင်မှုပိုင်း ကာလရှည်ကောင်းမွန်နေဖို့နဲ့သာ ပိုပြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် ပွဲချိန်တွေအများကြီးဆက်တိုက်ကစားခဲ့ရသူတွေကို အခုသီတင်းပတ်အတွင်းမှာ အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ လာမယ့်ရက်ပိုင်းတွေအတွင်း ပွဲစဉ်ဇယားက အခုထက်ပိုပြီး ကျပ်တည်းလာပါလိမ့်မယ်”လို့ ပြောပါတယ်။