The network connection is lost.

Banner Image

အီတလီကြယ်ပွင့် ရစ်ကာဒို ကာလာဖီအိုရီကို ခေါ်ယူရန် အကောင်းဆုံးအနေအထားမှာရှိနေတဲ့ အာဆင်နယ်

အီတလီကြယ်ပွင့် ရစ်ကာဒို ကာလာဖီအိုရီအနေနဲ့ ဘိုလော့ဂ်နာထံ အပြောင်းအရွှေ့အတွက်တောင်းဆိုလိုက်တာကြောင့် အာဆင်နယ်အတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။

 

ကာလာဖီအိုရီဟာ အာဆင်နယ်အသင်းနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး တစ်နှစ်လျှင် ယူရို ၄ သန်းရရှိမယ့် ၅ နှစ်စာချုပ်ဖြင့် ချုပ်ဆိုမှာဖြစ်ပါတယ်။ သို့သော်လည်း နောက်ဆုံးအတားအဆီးကျန်ရှိနေဆဲဖြစ်ပြီး ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ကာ ဘိုလော့ဂ်နာနှင့် အပြီးအပြတ်သဘောတူညီမရရှိသေးတာဖြစ်ပါတယ်။

 

Corriere di Bologna ရဲ့ဖော်ပြချက်အရ အာဆင်နယ်အနေဖြင့် စာချုပ်ကိုလျင်မြန်စွာ အပြီးသတ်ဖို့ မလုပ်နိုင်ခဲ့ပါက ကာလာဖီအိုရီဟာ ရာသီကြို လေ့ကျင့်ရေးအတွက် ဘိုလော့ဂ်နာသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ထားကြောင်း သိရပါတယ်။ ကစားသမားဟာ လက်ရှိအသင်းနှင့် လေ့ကျင့်မှုများပြန်လည်မစတင်မီ သူ့ကိုအပြီးသတ်ခေါ်ယူနိုင်ဖို့ ညှိနှိုင်းမှုများအရှိန်မြှင့်ရန် အာဆင်နယ်အတွက် ဖိအားပေးလိုက်သလိုပါ။

 

သို့သော်လည်း Resto del Carlino ရဲ့အဆိုအရ ဘိုလော့ဂ်နာဟာ အသင်းထံထွက်ခွာဖို့တောင်းဆိုထားတဲ့ ကလာဖီအိုရီရဲ့နေရာကို အစားထိုးဖို့ ဈေးကွက်တွင် နောက်ခံလူသစ်တစ်ဦး ရှာဖွေနေပြီလည်းဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ကနဦး ကမ်းလှမ်းမှုတွင် ယူရို ၄၅ သန်း (ပေါင် ၃၈ သန်း၊ ဒေါ်လာ ၄၉ သန်း) နှင့် အပိုဆုကြေး ယူရို ၅ သန်း ပါဝင်နေပါတယ်။ သို့သော် ဘိုလော့ဂ်နာက ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ (ပေါင် ၄၂သန်း၊ ဒေါ်လာ ၅၄ သန်း) အထိ တောင်းဆိုထားပါတယ်။ ထို့အပြင် စီးရီးအေကလပ်ဟာ အရောင်းအ၀ယ်စာချုပ်တွင် ကစားသမားအား ပြန်လည်ရောင်းချမှုရဲ့ ၄၀ - ၅၀ % လောက်ကို ပြန်လည်အလိုရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

 

ကာလာဖီအိုရီကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင်ပြေနေပြီးဖြစ်တာကြောင့် ပြောင်းရွှေ့လိုနေပြီး အာဆင်နယ်ကလည်း သဘောတူညီမှုရရှိရန် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို မပြုလုပ်မီ ပြောင်းရွှေ့ဖို့ အချိန်တန်ပြီလို့ ထင်ရပါတယ်။ သူ့ကိုခေါ်ယူဖို့က အာဆင်နယ်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး ရာသီသစ်မတိုင်ခင် အသင်းရဲ့ ခံစစ်ရွေးချယ်မှုတွေကို အားကောင်းလာစေမှာပါ။ အီတလီနောက်ခံလူဟာ ဗဟိုခံစစ်နှင့် ဘယ်​​နောက်တန်း နှစ်နေရာစလုံးမှာ ကစားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ရောက်ရှိလာမှုဟာ အာတီတာရဲ့ ခံစစ်တည်ဆောက်မှုတွင် နည်းဗျူဟာပိုင်းအရ လိုက်လျောညီထွေမှု ရှိစေမှာဖြစ်ပါတယ်။