The network connection is lost.

Banner Image

မေဆင်ဂရင်းဝုဒ်ဘက်ကနေ လူသိရှင်ကြား ကာကွယ်ပြောကြားလိုက်တဲ့ ဒီဇာဘီ

မာဆေးလ်အသင်းဟာ ယူနိုက်တက်စတား မေဆင်ကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပြီး အဆိုပါအပြောင်းအရွှေ့ကို ပရိသတ်တွေက ဒေါသထွက်နေပြီး လူမှုမီဒီယာကနေ မကြိုဆိုတဲ့ကမ်းပိန့်ပြုလုပ်ခဲ့ကြပါတယ်။ ဂရင်းဝုဒ်ဟာ ၂၀၂၃ ဖေဖော်ဝါရီ မတိုင်ခင်အထိ လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရမှုကြောင့် ဘောလုံးသမားဘဝကနေ ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူနိုက်တက်က မေဆင်ကို ဂီတာဖေးအသင်းထံ အငှားချခဲ့ပါတယယ်။ အခုချိန်မှာတော့ အင်္ဂလန်သားဟာ ယူနိုက်တက်အသင်းထံ ပြန်လာခဲ့ပြီဖြစ်ပေမယ့် အသင်းကနေ ထွက်ခွာဖို့များနေပါတယ်။ ဂီတာဖေးမှာပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် မေဆင်ကို အသင်းတော်တော်များများက ချိတ်ဆက်နေကြပြီး အဲ့ထဲမှာ ဒီဇာဘီရဲ့မာဆေးလ်အသင်းလည်း ပါဝင်နေပါတယ်။

ဒီဇာဘီက အသင်းဝေဖန်ခံမှာကို မစိုးရိမ်ဘူးဆိုတဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အီတလီသားက သတင်းထောက်တွေကိုပြောကြားရာမှာ “ကျွန်တော်တို့အသင်းအတွက် ကစားသမားတစ်ဦးခေါ်ယူချိန်မှာ ပြောနိုင်တာ တစ်ခုပဲရှိပါတယ်။ ကျွန်တော့်ကလေးလို့ သူ့ကိုသဘောထားတာပါ။ သူ့ကို အရာတော်တော်များများကနေ ကာကွယ်ရပါမယ်။ ၂ ဦးကြားမှာ သူ့နားရွက်ကိုဆွဲနေရင်တောင် လူသိရှင်ကြားတော့ သူ့ကိုကျွန်တော် ကာကွယ်ရပါမယ်။ ကျွန်တော့်ကစားသမားတွေက ကျွန်တော့်သားတွေလိုပါပဲ”လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် တစ်ပွဲ ပါဝင်ကစားပေးထားတဲ့ မေဆင်ဟာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး မကြာခင်မှာ တစ်ခုခုဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ မေဆင်ဟာ ဂီတာဖေး အသင်းအတွက် ၈ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။