လူ့အခွင့်အရေးပြဿနာတွေရှိနေပေမယ့် ၂၀၃၄ ကမ္ဘာ့ဖလားကျင်းပခွင့်ရမယ့် ဆော်ဒီအာရေဗျ
လူအအခွင့်အရေးတွေပြဿနာတွေရှိနေပေမယ့် ဆော်ဒီအာရေဗျနိုင်ငံဟာ လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားကျင်းပခွင့်ရမယ်လို့ ဖီဖာဘက်က အတည်ပြုလိုက်ပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဘက်က ဆော်ဒီဟာ ကမ္ဘာ့ဖလားကျင်းပခွင့်မဲပေးမှုအဆင့် ၅ မှာ ၄.၁၉၈ အထိ ရရှိခဲ့တာဖြစ်ပြီး အခြားနိုင်ငံတွေထက်သာလွန်နေပါတယ်။
သတိပေးမှုတွေရှိခဲ့ပေမယ့် ဖီဖာဘက်က ဆော်ဒီအနေနဲ့ လာရောက်မယ့်နိုင်ငံသားတွေအတွက်သေချာလေးပြင်ဆင်ပေးနိုင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဖီဖာရဲ့ထုတ်ပြန်ချက်အပြင် ဆော်ဒီအနေနဲ့ လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားကို ကာတာကမ္ဘာ့ဖလားနည်းတူ ဒီဇင်ဘာထဲမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။အဆိုပါအခြေအနေကို လာမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာ နိုင်ငံအသင်းအဖွဲ့ဝင်တွေက မဲပေးမယ်လို့ သိရပါတယ်။ လူအခွင့်အရေးအဖွဲ့တွေကတော့ အခုလအစောပိုင်းတုန်းက မဲပေးမှုကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ “ပရိသတ်တွေအနေနဲ့ ခွဲခြားဆက်ခံရနိုင်ခြင်း ၊ တည်းခိုရာနေရာတွေကနေ နှင်ထုတ်ခံရနိုင်ခြင်း ၊အလုပ်သမားတွေအများအပြားသေဆုံးနိုင်ချေရှိနေခြင်းတို့ ဖြစ်နိုင်ပါတယ်”လို့ လူအခွင့်အရေးလှုပ်ရှားသူ ကွက်ခ်ဘန်းက ပြောကြားခဲ့ပါတယ်။
နောက်ထပ်သတင်းတွေအရ “အဲ့တာက လူအခွင့်အရေးအတွက် တိုးတက်အောင်လုပ်ဖို့အရေးကြီးတဲ့အရာတွေပါ။ ပြိုင်ပွဲက အလားအလာကောင်းတွေရှိနေပါတယ်။
ဆော်ဒီမှာရှိတဲ့သူတွေအနေနဲ့လူအခွင့်အရေးတိုးတက်လာအောင်ပြန်လည်တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ သူတို့ ပြိုင်ပွဲမတိုင်ခင် အဲ့လိုဖြစ်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားကို နိုင်ငံ ၆ နိုင်ငံထဲက ၃ နိုင်ငံက ကျင်းပခွင့်ရမှာဖြစ်ပြီး လက်ရှိမှာ မော်ရိုကို ၊ စပိန် ၊ ပေါ်တူဂီ ၊ အာဂျင်တီးနား ၊ ဥရုဂွေး နဲ့ ပါရာဂွေးတို့ပါဝင်နေပါတယ်။
လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားကို အာဖရိက ၊ ဥရောပ နဲ့ တောင်အမေရိကနိုင်ငံတွေကျင်းပခွင့်ရမှာကိုတော့ ဖီဖာဘက်က ငြင်းဆန်ခဲ့ပါတယ်။လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန် ၊ ကနေဒါ နဲ့ မက္ကဆီကိုနိုင်ငံတွေကပူးပေါင်းကျင်းပမှာဖြစ်ပါတယ်။