The network connection is lost.

Banner Image

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဆာနေး

သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဘိုင်ယန်စတား ဆာနေးကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အာတီတာကတော့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဂျာမန်သားနဲ့အားဖြည့်ဖို့ အလိုရှိနေပါတယ်။ ဆာနေးရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်အတွက် ၂၇ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၈ ဂိုးသွင်း ၊ ၁၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ရာသီကုန်ခါနီးကို ဒဏ်ရာကြောင့်လွဲချော်ခဲ့ပေမယ့် ဂျာမန်သားကို အာဆင်နယ်က စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ စကိုင်းစပေါ့ဂျာနယ်လစ် ပလက်တန်ဘာ့ဂျ်ကတော့ အာဆင်နယ်ဟာ ဆာနေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အာတီတာနဲ့ ဆာနေးတို့ကြား ကောင်းမွန်တဲ့ဆက်ဆံရေး အခြေအနေရှိနေတာဖြစ်ပါတယ်။ ၂၀၂၀ တုန်းက အင်တာဗျူးတစ်ခုမှာ ဆာနေးက “ကျွန်တော်တို့ အလုပ်အတူတူလုပ်ကတည်းက သူ(အာတီတာ)က ကွင်းထဲမှာ ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်။  သူက ကျွန်တော်တိုးတက်အောင် လုပ်ဆောင်ပေးပါတယ်။ ဘယ်ဟာကကောင်းတယ် ဘယ်လိုဟာက မှားတယ်ဆိုတာ သူက သင်ပြပါတယ်။ ပက်ကလည်း ကူညီပေးပါတယ်။ သူတို့ ၂ ဦးစလုံးအများကြီးကူညီပေးပါတယ်။
အာတီတာက အခုဆို အာဆင်နယ်မှာ အကောင်းဆုံးလုပ်ဆောင်ပြနေပါတယ်။ သူ့မှာအတွေးအခေါ်ရှိတာကို ခင်ဗျားမြင်နိုင်မှာပါ။ သူလုပ်ဆောင်ပြနေတာ သူ့အသင်းကို ကစားပြစေချင်တာကို မြင်နိုင်ပါတယ်။ အဲ့တာက အားလုံးနားလည်နိုင်ဖို့ဆိုရင် အချိန်အနည်းငယ်ယူရနိုင်ပါတယ်။ သူက အာဆင်နယ်မှာ နည်းပြတစ်ဦးအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာက ဆာနေးနဲ့ ပေါင်းဆုံချင်နေပေမယ့် ပလက်တန်ဘာ့ဂျ်ကတော့ ဂျာမန်သားဟာ အခုနွေရာသီမှာ ဘိုင်ယန်ကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

နိုဝင်ဘာတုန်းက အင်တာဗျူးမှာ ဆာနေးက သူ့အနာဂတ်နဲ့ပတ်သက်ပြီး “ကျွန်တော်အများကြီးမတွေးပါဘူး။ အသင်းက ဆွေးနွေးချင်ပေမယ့် လက်ရှိမှာ ကျွန်တော် ဘောလုံးရာသီအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ဘိုင်ယန်က ကျွန်တော်ဦးစားပေးစာချုပ်မယ့်အသင်းဖြစ်လာမှာပါ။ အရာအားလုံးက သူ့ဘာသာသူဖြစ်လာပါလိမ့်မယ်။ ကျွန်တော်အခု တာဝန်ပိုယူနိုင်အောင် လုပ်ဆောင်နေပါတယ်။ လက်ရှိနေရာကို ကျွန်တော်ကြိုက်ပါတယ်။ နာဂယ်စမန်းက ကျွန်တော့်အကြောင်းကောင်းကောင်းသိပါတယ်။ အဲ့အတွက် ကျွန်တော် စွမ်းဆောင်ရည်ကောင်းတွေနဲ့ပြန်ပေးချင်ပါတယ်”လို့ ဆာနေးက ပြောကြားခဲ့ပါတယ်။