The network connection is lost.

Banner Image

ကျွန်တော်ရဲ့အိုင်ဒေါလို့ ပြောဆိုကာ ခရစ္စတီယာနိုရော်နယ်ဒိုကို ချီးကျူးပြောဆိုလိုက်တဲ့ ဆာကာ

ကျွန်တော် ငယ်ငယ်တုန်းက အိုင်ဒေါဖြစ်ခဲ့ပါတယ်လို့ ပြောဆိုကာ အာဆင်နယ် တိုက်စစ်မှူးဆာက အယ်လ်နာဆာ စူပါစတား ရော်နယ်ဒိုကို ချီးကျူးပြောဆိုလိုက်ပါတယ်။
 
ကလေးဘဝတုန်းက ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဂန္တဝင်ကစားသမား ရော်နယ်ဒိုဟာ သူ့ရဲ့အိုင်ဒေါဖြစ်ခဲ့ပါတယ်လို့ ဂန်းနားအကယ်ဒမီထွက် ဆာကာက ပြောကြားလိုက်တာပါ။ ကစားသမားဘဝအတွင် အချိန်အကြာကြီးအထိ အကောင်းဆုံးကစားနိုင်နေတဲ့အတွက် အသက် ၃၉နှစ်အရွယ် တိုက်စစ်မှူးကို ဆာကာက ချီးကျူးစကားပြောဆိုထားပြီး သူကိုယ်တိုင်တောင်အဲ့ဒီလောက်အထိ ကစားနိုင်မလားဆိုတာ မတွေးဖူးပါဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
 
Men In Blazers podcast သို့ ဆာကာ "ရော်နယ်ဒိုလို အချိန်ကြာကြီး ကစားနိုင်မလားလို့ တွေးမကြည့်ဖူးပါဘူး။ ဒါကြောင့်ပဲ သူ့ကို အရမ်းလေးစားမိတာပါ။ တကယ်တော့ ကျွန်တော် ငယ်ငယ်တုန်းက သူက ကျွန်တော့်ရဲ့အိုင်ဒေါဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာတဲ့အခါ သူ့ကို ပိုပြီးလေးစားမိလာပါတယ်။ သူက စည်းကမ်းလိုက်နာပြီး အာရုံစူးစိုက်မှုကောင်းကာ သူအောင်မြင်ခဲ့တာတွေအတွက် အရမ်းကို ထူးခြားတဲ့ ကစားသမားပါပဲ"လို့ ပြောပါတယ်။
 
ပေါ်တူဂီနိုင်ငံသားဟာ ယူနိုက်တက်သို့ ၂၀၀၃ ခုနှစ်မှာ ရောက်လာခဲ့ပြီး ၆ နှစ် အကြာမှာတော့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားခဲ့ကာ အဲ့ဒီတုန်းက ဆာကာရဲ့အသက်က ၈ နှစ်ပဲ ရှိသေးတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တွင် အိုးထရက်ဖို့ဒ်သို့ ပြန်မလာမီ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာတော့ အသက် ၃၉ နှစ် အရွယ် တိုက်စစ်မှူးကြီးဟာ ဥရောပကနေထွက်ခွာကာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။
 
လက်ရှိရာသီမှာ ရော်နယ်ဒိုနဲ့ ဆာကာတို့ နှစ်ဦးစလုံးဟာ သက်ဆိုင်ရာအသင်းများအတွက် ခြေစွမ်းပြသနေကြပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီးဟာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ မှာ ၂၈ ဂိုး သွင်းယူထားပြီး ဆာကာကတော့ အာတီတာရဲ့အသင်းအတွက် ၁၆ ဂိုးသွင်း ၁၅ ဂိုး ဖန်တီးပေးထားပါတယ်။
 
ကြာသပတေးနေ့မှာတော့ ရော်နယ်ဒိုဟာ အယ်လ်နာအတွက် အယ်လ်ရိဒ်အသင်းနှင့်ပွဲမှာ ပြန်လည် ကစားပေးမှာဖြစ်ပြီး အင်္ဂလန်နိုင်ငံသား ဆာကာကတော့ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အတွက် ဘရန့်ဖို့ဒ်အသင်းနှင့် ကစားရမှာဖြစ်ပါတယ်။