The network connection is lost.

Banner Image

ပက်ဂွါဒီယိုလာအပေါ် စာနာနားလည်ပေးနိုင်လားဆိုတဲ့ မေးခွန်းကို ပွင့်ပွင့်လင်းလင်းတုံ့ပြန်ခဲ့တဲ့ အန်းစလော့

အန်ဖီးလ်မှာ နှစ်ဂိုးပြတ်အရေးနိမ့်ပြီးနောက် မန်စီးတီးနည်းပြဘဝအဆိုးရွားဆုံးအခိုက်အတန့်ကို ကျော်ဖြတ်နေရတဲ့ ပက်ဂွါဒီယိုလာအတွက် ဘယ်သူကမှ စာနာနားလည်ပေးစရာမလိုပါဘူးလို့ အန်းစလော့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက မန်စီးတီးအတွက် နောက်ဆုံးခုနစ်ပွဲမှာ ခြောက်ပွဲမြောက်ရှုံးပွဲကို ဖန်တီးပေးခဲ့ပြီး ပြိုင်ဘက်အသင်းနှစ်ခုအကြား ၁၁ မှတ်အထိ ကွာဟသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

တဖက်မှာလည်း ပရီးမီးယားလိဂ်လေးပွဲဆက်ရှုံးပွဲကြုံခဲ့တဲ့မန်စီးတီးတို့ ထိပ်ဆုံးလေးသင်းပြင်ပ၊ အမှတ်ပေးဇယားပဉ္စမနေရာဆီ ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမယ့် လီဗာပူးနည်းပြအန်းစလော့ကတော့ ပက်ဂွါဒီယိုလာကို မထီမဲ့မြင်ပြုမူတယ်ဆိုတာ အန္တရာယ်များလွန်းတယ်လို့ ယူဆနေပြီး မန်စီးတီးနည်းပြဖြစ်သူရဲ့ကြီးမားလှတဲ့အောင်မြင်မှုတွေကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုခြောက်ကြိမ်အထိ ရယူခဲ့ဖူးတဲ့နည်းပြအတွက် ဝမ်းမနည်းမိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အန်းစလော့က “တကယ့်ကိုဆိုးရွားလွန်းတဲ့နေရာတစ်ခုဆီ ရောက်ရှိနေတဲ့ နည်းပြတစ်ဦးအတွက် စာနာနားလည်မှု(သို့မဟုတ်)မျှဝေခံစားပေးမှု ရှိရပါတယ်။ သူတို့တွေမှာ ပွဲစဉ်တွေ ဆက်တိုက်ဆိုသလို ရှုံးနိမ့်မှုတွေ(သို့မဟုတ်)အမှတ်ပေးဇယားအောက်ခြေဆီ ရောက်ရှိနေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ အရာပေါင်းများစွာကို အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်ဆိုတာ နိုဝင်ဘာ(သို့မဟုတ်)ဒီဇင်ဘာလလောက်နဲ့ အဆုံးအဖြတ်မပေးဘူးဆိုတဲ့ အချက်ကို အကြိမ်ပေါင်းများစွာ သက်သေပြခဲ့တဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဒါကြောင့် ပက်ဂွါဒီယိုလာအတွက် ဘယ်သူကမှ စာနာနားလည်ပေးဖို့(သို့မဟုတ်)မျှဝေခံစားပေးဖို့ မလိုအပ်ပါဘူး။ သူက ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူခဲ့ဖူးပြီး မန်စီးတီးအသင်းကိုလည်း လမ်းကြောင်းမှန်ဆီ ပြန်လည်ခေါ်ယူပေးသွားပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
လက်ရှိမှာ အန်းစလော့ရဲ့လီဗာပူးအသင်းက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ကိုးမှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ သူတို့တွေက လာမယ့်ကြာသပတေးနေ့မနက်ပိုင်း၊ စိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်နဲ့ ဆက်လက်ရင်ဆိုင်သွားရပါမယ်။