မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဆုဖလား ရရှိမှုကို ရပ်တန့်နိုင်မယ့် တစ်ခုတည်းသောအရာအား ပြောကြားလိုက်တဲ့ ဖာဒီနန်
မန်စီးတီးဟာ ချန်ပီယံလိဂ်ဆုဖလားကို ရရှိဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့ရပ်တန့်ဖို့က အနည်းငယ်သော အခွင့်အရေးသာရှိနေပါတယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်။ ဗုဒ္ဓဟူးနေ့မှာတုန်းက မန်စီးတီးဟာ ကိုပင်ဟေဂင်ကို ၃-၁ ဂိုး (နှစ်ကျော့ပေါင်းရလဒ် ၆-၂ ဂိုး) ဖြင့်အနိုင်ရရှိကာ ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။
ပထမိုင်းမှာ သွင်းယူခဲ့တဲ့ အကန်ဂျီ၊ အယ်လ်ဗာရက်စ်နှင့် ဟာလန်းတို့ရဲ့ဂိုးများကြောင့် နောက်ဆုံး ၈ သင်းအဆင့်သို့ သေချာပေါက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အခြားသော ၁၆ သင်း အဆင့်တွေမှာလည်း ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ ဘာစီလိုနာနှင့် အင်တာမီလန်တို့ကလည်း အသီးသီး အနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။
ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ မန်စီးတီးဟာ အကောင်းဆုံးအနေအထားမှာ ရှိနေပြီး ဇွန်လ ၁ ရက် ဝင်ဘာလေမှာ ကျင်းပမယ့် ဖိုင်နယ်သို့ရောက်ရှိရန် ဘယ်အသင်းကမှ သူတို့ကို ရပ်တန့်နိုင်မှာမဟုတ်ပါဘူးလို့ ဖာဒီနန်က ယုံကြည်နေပါတယ်။ သူ့ကိုဖိုင်နယ်မှာ ဖြုတ်ချနိုင်ဖို့ အခွင့်အရေးရှိနေသော်လည်း ပြိုင်ဘက်တွေရဲ့လက်ထဲမှာ အနည်းငယ်သာရှိနေပါတယ်။
"သူ့တို့ကို နှစ်ကျော့စလုံးနိုင်မယ့် အသင်းကို မမြင်မိသေးပါဘူး။ ဖိုင်နယ်ကို ရောက်လာမယ့် အသင်းအပေါ်လည်း မူတည်နေပါတယ်" လို့ ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က TNT Sports ရဲ့ ပွဲအပြီးသုံးသပ်ချက်မှာ ပြောကြားခဲ့ပါတယ်။
"ဖိုင်နယ်မှာ ဘယ်အသင်းနဲ့ပဲကစားရကစားရ ပြိုင်ဘက်အတွက် အခွင့်အရေးအနည်းငယ်သာ ရှိမှာဖြစ်ပြီး သူတို့မှာတော့ အခွင်အရေးတွေ ရှိနေမှာဖြစ်ပါတယ်" "သို့သော်လည်း သူတို့တွေက ရေပန်းစားနေဦးမှာဖြစ်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ သူက ပြောပါတယ်။
ချန်ပီယံလိဂ်ဆုရှင်အတွက် အလေးပေးမှု
-----------------------------------------------
မန်စီးတီး ၇ လေး ၄ လေး
ရီးရဲလ်မက်ဒရစ် ၉ လေး ၂ လေး
အာဆင်နယ် ၁၃ လေး ၂ လေး
ဘိုင်ယန်မြူးနစ် ၇ လေး ၁ လေး
အင်တာ ၉ လေး ၁ လေး
ပီအက်စ်ဂျီ ၁၀ လေး ၁ လေး
ဘာစီလိုနာ ၁၆ လေး ၁ လေး
ဒေါမွန် / အက်သလက်တီကိုမက်ဒရစ် ၄၀ လေး ၁ လေး
၁၉၉၂-၉၃ ရာသီမှ စတင်ကာ နာမည်ပြောင်းလဲ ကျင်းပလိုက်ကတည်းက ၂၀၁၆ မှ ၂၀၁၈ ခုနှစ်ကြားတွင် မည်သည့်အသင်းကမှ ရီးရဲလ်မက်ဒရစ်လို ဆုဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ မန်စီးတီးဟာ သူတို့ရဲ့ ဆုဖလား ၃ လုံးရရှိမှုကို ကာကွယ်ဖို့ရှိနေတာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်မှာ ကြီးမားတဲ့ ပြိုင်ပွဲ ၂ ပွဲကို ကစားရမှာဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနှင့် ကစားရမှာဖြစ်ပြီး လာမယ့်စနေနေ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာလည်း နယူးကာဆယ်နှင့်ကစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးဟာ လက်ရှိရာသီပြိုင်ပွဲစုံ ၄ ပွဲအထိသာ ရှုံးနိမ့်ထားပြီး အားလုံးက အဝေးကွင်းတွေမှာသာဖြစ်ကာ အာဆင်နယ်၊ ဝုဗ်၊ အက်စ်တွန်ဗီလာ တို့ကို ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ထားပြီး ကာရာဘောင်ဖလားတွင် နယူးကာဆယ်ကို ရှုံးနိမ့်ထားတာဖြစ်ပါတယ်။