The network connection is lost.

Banner Image

FSA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာပါဝင်လာတဲ့ ဂရာဗန်ဘတ်ချ်

လီဗာပူးကွင်းလယ်ကစားသမားဂရာဗန်ဘတ်ချ်က ဘောလုံးပရိသတ်များအစည်းအရုံးမှ ချီးမြှင့်မယ့် ၂၀၂၅ ခုနှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်လာပါတယ်။ ဂရာဗန်ဘတ်ချ်က ယမန်နှစ်ဘောလုံးရာသီ၊ ပရီးမီးယာလိဂ်ချန်ပီယံဆုဆွတ်ခူးခဲ့တဲ့ လီဗာပူးအသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး လိဂ်ရာသီကုန်ဆုံးဖို့ လေးပွဲအလိုမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အန်းစလော့အသင်းအတွက် ပွဲစဉ် ၃၄ ခုမှာ ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။

သူက အခုလိုဂုဏ်သိက္ခာကြီးမားတဲ့တစ်ဦးချင်းဆုအတွက် ဆန်ခါတင်ကစားသမားခြောက်ဦးအနက် တစ်ဦး ဖြစ်လာပါတယ်။ ဆန်ခါတင်စာရင်းမှာ ဂရာဗန်ဘတ်ချ်နဲ့အတူ ဆီမန်ညို၊ ဒီကလန်ရိုက်စ်၊ ဟာလန်း၊ မာတီတာနဲ့ ကိုင်စီဒိုတို့လည်း ပါဝင်နေပါတယ်။ ဒီဆုအတွက် အနိုင်ရရှိသူကို လာမယ့်ဒီဇင်ဘာ ၁ ရက်(တနင်္လာနေ့)မှာ ထုတ်ပြန်ကြေညာသွားပါမယ်။