
ဘိုင်ယန်စတားတစ်ဦးရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်တဲ့ ကွန်ပနီ
ဘိုင်ယန်နည်းပြ ကွန်ပနီက တိုက်စစ်မှူးကိန်းဟာ အသက်အရွယ်နဲ့အတူ အကောင်းဆုံးဖြစ်လာနေတယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ကိန်းဟာ လေဗာကူဆင်နဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အသင်းကို ၂ ကျော့ပေါင်းရလဒ် ၅-၀ နဲ့ အနိုင်ရရှိစေခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်ဟာ ကွာတားဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပွဲအပြီးမှာ ကွန်ပနီက ကိန်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။
အသက် ၃၁ နှစ်သားဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ ၁၀ ဂိုးအထိသွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ကွန်ပနီကလည်း ကိန်းဟာ အသက်အရွယ်နဲ့အတူ ပိုကောင်းလာနေတယ်လို့ ယုံကြည်နေပါတယ်။ မန်စီးတီးနောက်ခံလူဟောင်း ကွန်ပနီက “လူငယ်ကစားသမားတစ်ဦးလို အသင်းအတွက် ပြေးလွှားပြီးတိုက်ပွဲဝင်တဲ့ ထိပ်တန်းကစားသမားရှိတာက အကူအညီဖြစ်စေပါတယ်။ ကျွန်တော် သူနဲ့ပြိုင်ဘက်အဖြစ် ကစားဖူးပါတယ်။ သူက အသက်အရွယ်နဲ့အတူ ပိုကောင်းလာနေပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကလည်း ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ ပြီးတော့ ပွဲအတွင်း သူ့ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုလည်း ကျွန်တော် ယုံကြည်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ကိန်းဟာ ဘွန်ဒက်စ်လီဂါမြေမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ၂၃ ပွဲမှာ ၂၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ လာမယ့် ယူနီယံဘာလင်နဲ့ပွဲမှာလည်း နောက်ထပ်ဂိုးထပ်သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။