The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြဘဝ ပထမဆုံးအကြိမ် ကစားသမားသစ်ခေါ်ယူမှုပြုလုပ်ခဲ့တဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်နည်းပြဘဝ ပထမဆုံးကစားသမားသစ်ခေါ်ယူမှုအဖြစ် အသက်-၁၇ နှစ်အရွယ်ကစားသမားလေး ဒီယေဂိုလီယွန်ကို ပေါင် ၃ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ လက်ရှိမှာ အသက်-၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်ဟာ အသက်-၁၈ နှစ်ပြည့်မယ့် ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ 

လွန်ခဲ့တဲ့ ၁ နှစ်ခွဲခန့်ကာလကတည်းက လုခ်ရှောနဲ့ တိုင်ယဲလ်မာလာစီယာတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဘယ်နောက်ခံနေရာ အားနည်းနေခဲ့တဲ့ ယူနိုက်တက်ဟာ အင်အားဖြည့်တင်းနိုင်ဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး ယခုအခါမှာ လီယွန်ကို စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လီယွန်ကို ၂၀၀၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ မှာမွေးဖွားခဲ့ပြီး ပါရာဂွေးနိုင်ငံသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ အာမိုရင်အနေနဲ့ အနာဂတ်မှာ သူ့ရဲ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းမှကစားသမားတွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ပါရာဂွေးကလပ် ပေါ်တီနိုမှ ကစားသမားလေးကိုသာ စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

လီယွန်ဟာ ဒီရာသီမှာ ပေါ်တီနိုအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေ‌ပြီး ၂၁ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းယူပေးထားပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲရယူဖို့ကြိုးစားသွားရပါမယ်။