ရာသီကုန်မှာ အသင်းမှ မာလာစီယာထွက်ခွာမယ်လို့ ယူနိုက်တက်အတည်ပြု
ဘယ်နောက်ခံလူ တိုင်ရဲလ်မာလာစီယာအနေဖြင့် အခုရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်က အတည်ပြုလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သော ၎င်းသည် ၂၀၂၂-၂၃ ရာသီတွင် ဖီယင်နုအသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သော်လည်း ဆိုးရွားလွန်းသော ဒူးဒဏ်ရာကြောင့် အိုးလ်ထရက်ဖို့ဒ်တွင် ၎င်း၏ကစားသမားဘဝမှာ တုံ့ဆိုင်းသွားခဲ့ရပါသည်။
မာလာစီယာသည် ဒဏ်ရာကြောင့် ရက်ပေါင်း ၅၀၀ ခန့် အနားယူခဲ့ရပြီးနောက် ပြီးခဲ့သည့်ရာသီက PSV အသင်းသို့ အငှားဖြင့် သွားရောက်ကစားခဲ့သော်လည်း ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါသည်။
အဆိုပါ ဒတ်ချ်ကစားသမားသည် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးသည်နှင့် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း မန်ယူအသင်းက ယခုအခါ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။
တနင်္ဂနွေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၃-ဂိုး ၂-ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီး ကွင်းအတွင်း ပရိသတ်များကို နှုတ်ဆက်စကားပြောကြားရာတွင် နည်းပြချုပ် မိုက်ကယ်ကားရစ်က "ပွဲမစခင်မှာ ကျွန်တော် ကစားသမားတွေကို တိုင်ရဲလ်အကြောင်း ပြောပြခဲ့ပါတယ်" ဟု ဆိုခဲ့သည်။
၎င်းက ဆက်လက်ပြီး "သူဟာ ဒဏ်ရာတွေကြောင့် ခက်ခဲတဲ့အချိန်တွေကို အတော်လေး ဖြတ်သန်းခဲ့ရတာပါ။ သူ့ကို ဝိုင်းဝန်းအားပေးကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။