၁၆ သင်းအဆင့်ပွဲစဉ်တွေအတွက် အင်္ဂလန်စတားတစ်ဦးကို ထည့်သွင်းဖို့ ဆောက်ဂိတ်မှာ ဖိအားတွေရှိနေပြီလို့ ပြောကြားလိုက်တဲ့ ရွိုင်ကိန်း
ပယ်လ်မာဟာ ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက်ရာသီတွင် ပြိုင်ပွဲစုံမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း ဆားဘီးယားနှင့် ဒိန်းမတ်တို့နှင့် ကစားခဲ့တဲ့ အင်္ဂလန်ရဲ့ အုပ်စုပထမနှစ်ပွဲတွင် ဝင်ရောက်မကစားခဲ့ရတဲ့ အရန်ကစားသမားဖြစ်ခဲ့ပါတယ်။
အုပ်စုနောက်ဆုံးပွဲ၌ အင်္ဂလန်ဟာ ဆလိုဗေးနီးယားနှင့် ဂိုးမရှိသရေကျခဲ့ပါတယ်။ ခြေစွမ်းပြရန် ရုန်းကန်နေရတဲ့ ဘူကာယိုဆာကာနေရာတွင် အစားထိုးရန် မိနစ် ၇၀ မှာတော့ အသက် ၂၂ နှစ်အရွယ်ကစားသမားက ဝင်ရောက်လာခဲ့ပါတယ်။ ဒုတိယပိုင်း ဂယ်လာဂါရဲ့နေရာတွင် အစားဝင်ရောက်ခဲ့တဲ့ မိုင်နူးနှင့် ပယ်လ်မာတို့ဟာ အင်္ဂလန်ရဲ့ အတောက်ပဆုံး ကစားသမားများ ဖြစ်ခဲ့ကြပါတယ်။
နောက်ထပ် လူစားဝင်ကစားသမားအဖြစ်တဲ့ အန်တိုနီဂေါ်ဒွန်ကလည်း ပွဲထွက်ကစားခွင့်ရရှိဖို့ တွန်းအားပေးနေတာဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟာ နာကျင်အချိန်ပိုတွင် အနိုင်ရရှိစေနိုင်တဲ့ဂိုကို ကန်ကွင်းခဲ့သော်လည်း စလိုဗေးနီးယားဂိုးက အော့ဘလက်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ နောက်ကျအခွင့်အရေး လွဲချော်ခဲ့သော်လည်း ပါလ်မာဟာ တနင်္ဂနွေတွင် Gelsenkirchen ၌ ကစားမယ့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်နိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ချဲလ်ဆီးကြယ်ပွင့်ဟာ ပွဲထွက်ကစားဖို့ လုံလောက်တဲ့ ပမာဏထက်ပိုပြီး လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ "ဒီညပွဲမှာ သူက ဝင်ရောက်လာပြီး အကျိုးသက်ရောက်မှုရှိအောင် လုပ်နိုင်ခဲ့တာကြောင့် လာမယ့်ပွဲမှာ ပယ်လ်မာကို ထည့်သွင်းဖို့ ဆောက်ဂိတ်က ဖိအားတွေတော့ရှိနေမှာပါ" "သူတို့က ဒီပွဲမှာ အကောင်းဆုံးလုပ်နိုင်ဖို့ ရုန်းကန်နေရတယ်။ ဒါပေမယ့် အင်္ဂလန်ဟာ Clean Sheet တွေကို ထိန်းထားပြီး လူငယ်ကစားသမားတချို့က ဒီညမှာ ဝင်ရောက်ကစားလာပြီး ဒါဟာ အသင်းသွားရမယ့်လမ်းလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်က လူငယ်ကစားသမားတွေနဲ့ အမြဲပြောလေ့ရှိပါတယ်။ သူတို့က ကြောက်စရာမရှိဘူး တစ်ခါတလေ သူတို့နဲ့ လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်" လို့ ရွိုင်ကိန်းက ITV Sport သို့ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းတွင် ဆောက်ဂိတ်ဟာ သူ့ရဲ့ လူစားဝင်ကစားသမားတွေအားလုံးကို ချီးကျူးခဲ့ပြီး နောက်ကျဂိုးသွင်းယူရန် ကြိုးစားခဲ့တဲ့ ပယ်လ်မာကို ထောက်ခံကြောင်း ဝန်ခံထားပါတယ်။ "သူက အရမ်းကောင်းခဲ့ပါတယ်" လို့ ဆောက်ဂိတ်က ပယ်လ်မာနှင့် ပတ်သက်ပြီး ပြောပါတယ်။ "သူက နေရာလွတ်တွေကို ကောင်းကောင်းရှာတွေ့ပြီး အခွင့်အရေးတွေ ဖန်တီးပေးခဲ့ကာ အဆုံးသတ်မှာ ဂိုးသွင်းဖို့အထိ သူ့ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ သူတို့ဟာ ငယ်ရွယ်တဲ့ ကစားသမားတွေဖြစ်ပြီး ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ ရှိနေတာပါ။ သူတို့က ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့ပြီး အသင်းအတွက် ကောင်းမွန်တဲ့ အရာတွေ လုပ်ခဲ့ပါတယ်" "အန်တိုနီဂေါ်ဒွန်၊ ကိုးလ်ပယ်လ်မာ၊ မိုင်နူးတို့ဟာ တကယ်ကို ကောင်းမွန်တဲ့ လှုပ်ရှားမှုတစ်ခုပါ။ အဲဒါကို ကျွန်တော်တို့ တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီညကစပြီး တည်ဆောက်စရာတွေ အများကြီးရှိခဲ့တယ်" လို့ ဆောက်ဂိတ်က ပြောပါတယ်။