ယူရို ၂၀၂၄ တွင် စပိန်ရဲ့ အင်္ဂလန်အပေါ် အနိုင်ရရှိခြင်းနဲ့ပတ်သက်ပြီး ပြောကြားလိုက်တဲ့ မော်ရင်ဟို
အိုရာဇဘယ်ရဲ့ ပွဲကစားချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ ဘာလင်ရှိ အိုလံပစ်စတေဒွန်မှာ အနိုင်ဂိုးဖြစ်ခဲ့ပြီး စပိန်အသင်းကို ဥရောပချန်ပီယံဖလား ၄ ကြိမ် မြောက် ရရှိစေခဲ့တာဖြစ်ပါတယ်။
လူစားဝင်ကစားသမားဟာ ကိုးလ်ပယ်မာဟာ ၅၈ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်နေတဲ့ ခြင်္သေ့သုံးကောင်ရဲ့ ပထမဆုံးသောဆုဖလားကိုရရှိရန် မျှော်လင့်ချက်အတွက် ၇၃ မိနစ်တွင် နီကိုဝီလျံရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်အတွက် နိုင်ပွဲ မရရှိခဲ့သလို ဂါရတ်ဆောက်ဂိတ်က ၂၀၂၆ ကမ္ဘာ့ဖလားမှာ နည်းပြချုပ်အဖြစ် ဆက်ရှိနေမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး အသက် ၅၃ နှစ်အရွယ်နည်းပြရဲ့ လက်ရှိစာချုပ်ဟာ ဒီဇင်ဘာလမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပင် စပိန်ဟာ ၂၀၂၂ ခုနှစ်တွင် နည်းပြအဖြစ် တာဝန်ယူခဲ့သည့် ဖူရန်တီရဲ့ လက်အောက်တွင် ပွဲစဉ် ၇ ပွဲစလုံးကို အနိုင်ရကာ ယခုနွေရာသီပြိုင်ပွဲတွင် အကောင်းဆုံး အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဗိုလ်လုပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်မှာနည်းပြအဖြစ်ရှိစဉ် ပရော်ဖက်ရှင်နယ်ပွဲဦးထွက်ကစားခဲ့တဲ့ စပိန်ကြယ်ပွင့် နာချို၊ မိုရာတာတို့ကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ အင်စတာဂရမ်မှာ မော်ရင်ဟိုက ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။
ကလပ်အသင်းခေါင်းဆောင်အဖြစ် ဘာနေဗျူးသို့မပြန်မီ မက်ဒရစ်က လက်လွှတ်ခံခဲ့ရတဲ့ ကာဗာဂျယ်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့တဲ့အကြောင်းကိုလည်း စပါရှယ်ဝမ်းက နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
"၂၀၂၄ ချန်ပီယံလိဂ်ရဲ့ ချန်ပီယံအသင်းခေါင်းဆောင် နာချိုဖာနန်ဒက်ဇ်၊ ဥရောပချန်ပီယံဆုရှင် အသင်းခေါင်းဆောင် အယ်လ်ဗာရို မိုရာတာ" လို့ မကြာသေးမီက ဖီနာဘာချီရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရတဲ့ မော်ရင်ဟိုက အင်စတာဂရမ်တွင် ရေးသားခဲ့ပါတယ်။ "သူတို့တွေအားလုံးနဲ့ သူတို့ရဲ့အကယ်ဒမီ ကစားသမားဘဝကနေ အသင်းကြီးထံ ပွဲဦးထွက်ပေးခဲ့တဲ့ နည်းပြကို အများကြီး ဂုဏ်ယူပါတယ်" လို့ ရယ်နေတဲ့ အီမိုဂျီ ၃ ခုနှင့်အတူရေးသားထားသလို "ကာဗာဂျယ်ဆိုတာကို ကောင်းကောင်းနားမလည်ခဲ့တဲ့ နည်းပြကလည်း အတူတူပါပဲ" လို့ စိတ်ဆိုးနေတဲ့ အီမိုဂျီ၊ ဆဲဆိုနေတဲ့ အီမိုဂျီ၊ ပြုံးနေတဲ့ အီမိုဂျီ များနှင့်အတူ ရေးထားပါတယ်။ "အံ့သြစရာကောင်းတဲ့အလုပ်တွေအဖို့ ဖူရန်တီအတွက် အများကြီး ဂုဏ်ယူပါတယ်။ အကောင်းဆုံးအသင်းကသာ အနိုင်ရရှိခဲ့တာပါ" လို့ မော်ရင်ဟိုက ပြောကြားထားပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် စပိန်အသင်းနည်းပြ ဒီလာဖူရန်တီက သူ့ရဲ့အသင်းဟာ လာမယ်နှစ်များအတွင်း နောက်ထပ်အောင်မြင်မှုများ ဆက်လက်ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ "သူတို့က မပင်ပန်းပါဘူး။ သူတို့က ဆက်ပြီး တိုးတက်အောင် ပြိုင်ဆိုင်ပြီး အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ကာ သူတို့အားလုံး ဂုဏ်ယူဖို့ လိုအပ်ပါတယ်" "အစကတည်းက ကျွန်တော်ပြောခဲ့သလို အခုအချိန်မှာလဲ ဆက်ပြောပါမယ်။ သူတို့က ကျွန်တော့်ဘဝနဲ့ ကျွန်တော့်အလုပ်တွေကို ပိုလွယ်ကူစေပါတယ်"
"ကျွန်တော်တို့ဖန်တီးခဲ့တဲ့ စိတ်လှုပ်ရှားမှုနဲ့ စပိန်အကြောင်း၊ ကျွန်တော့်နိုင်ငံအတွက် ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်။ သူတို့ထက် ရှည်ကြာတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်တဲ့ ဒီကစားသမားမျိုးဆက်အတွက် လူတိုင်းက ဂုဏ်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်" "ကစားသမားတွေက ကျွန်တော့်ကို ယုံကြည်ဖို့နဲ့ ကျွန်တော်ပြောခဲ့တာတွေကို ကျွန်တော်သာမကဘဲ နည်းစနစ်ပိုင်း ဝန်ထမ်းအားလုံးပါ ယုံကြည်ဖို့ပါပဲ။ ကျွန်တော်အရမ်းပဲ ဂုဏ်ယူမိပါတယ်" "ကျွန်တော်တို့ ဒါကိုရရှိခဲ့ပြီးပါပြီ။ ကျွန်တော်တို့ကို ဘယ်သူကမှ အလကားမပေးပါဘူး။ ရဖို့ခက်လေလေ တန်ဖိုးကြီးလေလေပါပဲ" လို့ ဖူရန်တီက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။