
အာမိုရင်ရဲ့နည်းစနစ်ကို ဝေဖန်လိုက်တဲ့ ယူနိုက်တက်စတားဟောင်း
ဘရန့်ဖို့ဒ်ကို အရေးနိမ့်ပြီးနောက် ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီက အာမိုရင်ရဲ့နည်းစနစ်ကို ဝေဖန်လိုက်ပါတယ်။ အာမိုရင်ဟာ အဆိုပါပွဲမှာ လူငယ်စတားတွေဖြစ်တဲ့ ချီဒို ၊ အာမက်စ် ၊ တိုင်လာစတဲ့ကစားသမားတွေကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အဆိုပါအခြေအနေကြောင့် ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီး နောက်ကနေပြန်လိုက်ကစားနိုင်ခဲ့ပေမယ့် ၄-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အခုအရေးနိမ့်မှုက ဒီရာသီ ၁၆ ပွဲမြောက်အရေးနိမ့်မှုဖြစ်ပြီး နောက်ဆုံး ၆ ပွဲဆက်လည်း နိုင်ပွဲပျောက်ခဲ့တာဖြစ်ပါတယ်။
ရွန်းနီက အင်တာဗျူးတစ်ခုမှာ “အဲ့တာက ပြင်းပြတဲ့စိတ်အကြောင်းဖြစ်သလို တောင်ပံတွေအပြင် ခံစစ် ၄ ယောက်တန်းကလည်း ခြားနားပါတယ်။ အဲ့တာက ဖိအားပေးနေရမှာပါ။ ဘာလို့လဲဆိုတော့ ခံစစ်တန်းက ခင်ဗျားနောက်မှာရှိနေတာကြောင့်ပါ။
ဒါပေမယ့် သေချာတာက သူတို့အဲ့တာကို လေ့ကျင့်ရေးမှာ လေ့ကျင့်ခဲ့လားဆိုတော့ နိုးပါ။ ခင်ဗျားသာနည်းပြတစ်ဦးဆိုရင် ဒီလိုမျိုးအခြေခံနည်းစနစ်ကို အသုံးချရပါမယ်။ အခုတော့ ဘာမှမမြင်ရသလို အခြေအနေကိုမြင်ရတာ တော်တော်ဆိုးဝါးပါတယ်။ အဲ့တာက ထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ နောက်တန်း ၅ ယောက်တန်းနဲ့ ဘာကြောင့် ကစားတာလဲ။
သူတို့ကို ဘောလုံးအပေါ်ဖိအားပေးတာ ဒါမှမဟုတ် ကွင်းလယ်မှာတင် ဖြတ်ထုတ်နိုင်အောင် လုပ်ဆောင်သင့်တာပါ။ အဲ့တာက ထူးဆန်းပါတယ်။ ဒါပေမယ့် သူတို့မှာ လူငယ်တွေများနေပါတယ်။ ပြီးတော့ ရွှေ့လျားမှုတွေပြတ်လပ်နေသလို ကွင်းထဲမှာ ဘယ်လိုပြုမူရမလဲဆိုတာလည်း မသိပါဘူး။ သူတို့ အသက် ၁၇ နှစ်သားကို ရှေ့တန်းတင်ထားတာပါ။ တကယ့်အသက်အငယ်ဆုံးတိုက်စစ်မှူးပါ။
ပြီးတော့ သူတို့ အဲ့ကောင်လေးဆီပဲဘောလုံးတွေတင်ပေးနေတာပါ။ အိုဘီအတွက်တော့ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက အတွေ့အကြုံမရှိသေးပါဘူး။ အဲ့တာကြောင့် ခင်ဗျားကို အကူအညီပေးနိုင်မှာမဟုတ်ပဲ ဘောလုံးထိုင်ဖြုန်းသလိုပဲဖြစ်နေမှာပါ”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။
မာဖီကလည်း “ကျွန်တော် ကောင်လေးတွေကို စာနာမိပါတယ်။ သူတို့ အသင်းကောင်းတစ်သင်းနဲ့ကစားခဲ့ရတာပါ။ ဒါပေမယ့် အာမိုရင်က နည်းစနစ်တစ်ခုတည်းနဲ့ကစားနေတာပါ။ အဲ့တာက လေ့ကျင့်ခန်းအစီအစဉ်မှာ အများကြီးအလုပ်လုပ်ထားဖို့ လိုအပ်ပါတယ်။ သေချာတာက အဲ့နည်းစနစ်နဲ့ကန်မယ်ဆိုရင် သူတို့အနေနဲ့ ပိုပြီးစုစည်းဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေပြီး ပထမအကျော့မှာ ၃-၀ နဲ့ ဦးဆောင်ထားကာ ဒုတိယအကျော့အဖြစ် အခုအိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။