The network connection is lost.

Banner Image

ယူရို ၂၀၂၄ ရဲ့ ဈေးကွက်ဆိုင်ရာစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အပေါ် ယူအီးအက်ဖ်အေရဲ့ အရေးယူခြင်းနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ ရော်နယ်ဒို

ကြံ့ခိုင်မှုဆိုင်ရာနည်းပညာကုမ္ပဏီ WHOOP တွင် ရော်နယ်ဒိုဟာ ရင်းနှီးမြှုပ်နှံသူအဖြစ်သာမက အမှတ်တံဆိပ်ရဲ့သံတမန်အဖြစ် ဆောင်ရွက်နေကာ တနင်္လာနေ့က ပေါ်တူဂီရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် စလိုဗေးနီးယားနဲ့ပွဲက အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ နှလုံးခုန်နှုန်းဒေတာကို အဆိုပါကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အချိန်ပိုပထမပိုင်းတွင် အရေးတဲ့တဲ့ ပင်နယ်တီကို လွဲချော်ပြီးနောက် မျက်ရည်ကျခဲ့သော်လည်း ပေါ်တူဂီရဲ့ ပထမဆုံးပင်နယ်တီဂိုးကိုတော့ သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းဟာ သူ့ရဲ့ဘယ်ဘက်လက်ကောက်ဝတ် ပတ်တီးအောက်တွင် WHOOP က ကိရိယာကိုဝတ်ဆင်ထားကို မြင်တွေ့ခဲ့ရပြီး ကုမ္ပဏီဟာ သူ့ရဲ့နှလုံးခုန်နှုန်းဒေတာကို ဆိုရှယ်မီဒီယာတွင် ထုတ်လွှင့်ပြသခဲ့ကာ မိနစ် ၉၀ ပြီးနောက်မှာတော့ တစ်မိနစ်လျှင် အကြိမ် ၁၇၀ ကျော်မှ ကျဆင်းသွားကြောင်းနှင့် အချိန်ပိုတွင် ပင်နယ်တီမလွဲချော်မီ ၁၁၀ bpm အောက်တွင်ရှိကြောင်း ဖော်ပြထားပါတယ်။ သို့သော် စီရော်နယ်ဒိုနှင့် WHOOP တို့ဟာ ယူရို ၂၀၂၄ ရဲ့ တရားဝင်စပွန်ဆာမဟုတ်တာကြောင့် ဈေးကွက်ဆိုင်ရာစည်းမျဉ်းကို ချိုးဖောက်ကြောင်း စွပ်စွဲခြင်းခံထားရပါတယ်။

Visa နှင့် Coca-Cola ရဲ့ ကမ္ဘာလုံးဆိုင်ရာ စပွန်ဆာအဖွဲ့အကြီးအကဲဟောင်း ရီကာဒိုဖောင့်က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ရော်နယ်ဒိုနှင့် WHOOP တို့ကို ဒဏ်ငွေရိုက်ရန် ယူအီးအက်ဖ်အေကို တိုက်တွန်းခဲ့ပါတယ်။ ဖောင့်က X တွင် "ဒီဇယားက ယနေ့မှာပဲ ပျံ့နှံ့နေပါတယ်။ ရော်နယ်ဒိုနှင့် WHOOP တို့ဟာ ယူရို ၂၀၂၄ တွင် စျေးကွက်ချဲ့ထွင်တာဖြစ်ပြီး တရားမ၀င်ဖြစ်ကာ ကစားသမားနှင့် ကုမ္ပဏီကို ဒဏ်ငွေရိုက်သင့်ပါတယ်" "ဒီပို့စ်က ယူအီးအက်ဖ်အေပွဲစဉ်တစ်ခုအကြောင်းပါ။ နိုင်ငံအသင်းနှစ်သင်းရဲ့ ကစားပုံ၊ ဂိုးသွင်းတာနဲ့ ကွင်းထဲက ကစားသမားတစ်ယောက်ရဲ့ နာမည်တွေကို အသုံးပြုထားပါတယ်"  "သူတို့က ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဖော်ပြနေတာက တရားမဝင်ပါဘူး။ ပြိုင်ပွဲကို ပံ့ပိုးကူညီတဲ့သူမဟုတ်တာကြောင့် ချိုးဖောက်မှုတွေကို သည်းခံရန် အကြောင်းပြချက် မရှိပါဘူး" လို့ ပြောကြားထားပါတယ်။

ယူရို ၂၀၁၂ ပေါ်တူဂီနှင့်ပွဲတွင် ဂိုးသွင်းယူပြီးနောက် အောက်ပွဲခံရာတွင် ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာဟာ Paddy Power အတွင်းခံဘောင်းဘီကို ပြသခဲ့ပါတယ်။ ဘန်တနာဟာ စပွန်ဆာပေးထားသော အတွင်းခံဘောင်းဘီကို ပြသခြင်းအတွက် ယူအီးအက်ဖ်အေမှ ယူရို ၁၀၀၀၀၀ (ပေါင် ၈၀၀၀၀) ဒဏ်ရိုက်ခဲ့ပါတယ်။

"ဒါဟာ ပထမဆုံးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဘောင်းဘီတိုတစ်ထည်ပဲဖြစ်ပြီး ပြိုင်ပွဲမစခင်မှာ ဝတ်ခဲ့တာပါ" "ကျွန်တော်က စည်းကမ်းဖောက်ဖျက်မိတယ်ဆိုတာကို အခုမှသိတာပါ" လို့ ဘန်တနာက ပြောခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်စား Bookmaker မှ ဒဏ်ကြေးငွေပေးဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။