The network connection is lost.

Banner Image

နိုင်ငံအသင်းဖော်တစ်ဦးကို ခေါ်ယူဖို့ စီးတီးကို တိုက်တွန်းလိုက်တဲ့ ရိုဒရီ

မန်စီးတီးကွင်းလယ်လူ ရိုဒရီက မန်ချက်စတာကလပ်အနေနဲ့ တွေဝေခြင်းမရှိပဲ ဘီလ်ဘာအိုစတား နီကိုဝီလီယံကိုခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။ အသက် ၂၂ နှစ်သားဟာ ယူရို ၂၀၂၄ မှာ စပိန်အသင်းနဲ့အတူ တောက်ပခဲ့တာဖြစ်ပြီး အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ လီဗာပူးအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

လာမယ့်နွေရာသီမှာ အသင်းတော်တော်များများက ခေါ်ယူဖွယ်ရှိနေပြီး စီးတီးအနေနဲ့ အဆိုပါအသင်းတွေနဲ့အားပြိုင်ရဖို့များနေပါတယ်။ ဒါပေမယ့် ရိုဒရီက စီးတီးအနေနဲ့ စပိန်သားကိုခေါ်ယူနိုင်ဖို့ အခြေအနေပိုကောင်းနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အင်တာဗျူးတစ်ခုမှာ ဝီလီယံကို မနက်ဖြန် စီးတီးထံခေါ်ယူခွင့်ရမယ်ဆိုရင် ခေါ်ယူမလားဆိုတဲ့မေးခွန်းအပေါ် ရိုဒရီက “ဒါပေါ့ဗျာ။ အခုချိန်မှာတောင် သူ့ကိုအသင်းထံခေါ်ယူဖို့ နည်းနည်းချင်းသင်ကြားပေးချင်ပါတယ်။ အင်္ဂလန်က ဘီလ်ဘာအိုနဲ့ဆင်တူတယ်ဆိုတာကိုလည်း ပြောပြချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သာဆိုရင် သူ့ကို သံသယမရှိပဲခေါ်ယူမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဝီလီယံရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၈ သန်းရှိနေပြီး လစာက တစ်ပတ်ကိုပေါင် ၁၆၆၀၀၀ ရရှိနေပါတယ်။ စက်တင်ဘာလတုန်းက ဝီလီယံက သူ့အနာဂတ်နဲ့ပတ်သက်ပြီး “အသင်းကြီးတွေ စိတ်ဝင်စားတယ်ဆိုတဲ့သတင်းက အမြဲတမ်းက နှောက်ယှက်သလိုဖြစ်နေပါတယ်။ ကျွန်တော် အမြဲရှင်းရှင်းလင်းလင်းပြောသလိုပါပဲ။ ကျွန်တော်ဒီမှာဆက်ရှိနေချင်ပါတယ်။
အက်သလက်တစ်က မတူညီတဲ့ခံစားချက်ပေးစွမ်းနိုင်ပါတယ်။ အဲ့တာက အခြားအသင်းမှာမရနိုင်ပါဘူး။ ကျွန်တော် ဒီအသင်းနဲ့အတူ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ပဲ တွေးထားပါတယ်။

အသင်းတော်တော်များများက ချဉ်းကပ်မှုတွေရှိခဲ့ပေမယ့် ကျွန်တော့်နှလုံးသားက အက်သလက်တစ်မှာပါ။ ကျွန်တော် ဒီမှာစာချုပ်သက်တမ်းရှိနေပါတယ်။ ဒါပေမယ့်အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်တော် ဒီမှာဆက်နေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အက်သလက်တစ်နဲ့ ဥရောပမှာကစားချင်တာကြောင့်ပါ။ အဲ့တာက ကျွန်တော့်အတွက် စိတ်အလှုပ်ရှားဆုံးအရာပါ”လို့ ဖြေကြားခဲ့ပါတယ်။